part. 13

31.4K 3.4K 52
                                    

ရှောင်ကျန့်ရဲ့နေ့စဉ်ဘဝက အရင်လိုပဲအေးအေးချမ်းချမ်းရှိနေတယ် ။ ဝမ်ရီပေါ်ကလည်း အခုထက်ပိုပြီးသန်မာလာအောင် အဆက်မပြတ်လေ့ကျင့်နေတယ် ။ ဒီကြားထဲ ဂနာမငြိမ်ဖြစ်နေရတဲ့လူက ရန်စစ် ။ အိုးကမပူပဲစလောင်းကပူဆိုတာ သူ့ကိုပြောတာနေမှာ ။ ရန်စစ်ခမျာ ခေါင်းဆောင်ဖြစ်သူစီမှာ ဘာအမှားအယွင်းမှမရှိအောင်လို့ အချိန်တိုင်းစောင့်ကြည့်နေရတဲ့အဖြစ် ။ မှန်းထားတဲ့အတွဲလေးပျက်သွားမှာကို အလွန်ပူပန်နေရတယ် ။

အဲ့ဒီဝမ်ရီပေါ်ဆိုတာကလည်း လေ့ကျင့်ရေးကွင်းကို အိမ်များမှတ်နေလားမသိ ။ အချိန်ရှိတိုင်း အဲ့ဒီလေ့ကျင့်ရေးကွင်းကို ခဏခဏသွားနေတာ ။ ဝမ်ရီပေါ်ဘယ်မှာရှိလဲဆိုတာကို သိချင်ရင် လေ့ကျင့်ရေးကွင်းကို သွား​ကြည့်လိုက်ရုံပဲ ။ ထွေထွေထူးထူး လိုက်ရှာနေစရာမလိုဘူး ။ ခေါင်းဆောင်ကျ​​ပြန်တော့ အလုပ်ကိစ္စ​တွေနဲ့ မအားအပ်ဖြစ်နေတယ် ။ အဲ့ဒီနှစ်ယောက်ရဲ့အခြေနေက အခုအချိန်အထိ မတိုးတက်သေးဘူး ။ ဟူး! ရင်မောလိုက်တာနော် ။

အဲ့ဒီအချိန်မှာပဲ အထူးတပ်ဖွဲ့အတွက် အထက်က အမိန့်တစ်ခုပေးလာတယ် ။ အဲ့ဒီအရာကတော့ အထူးတပ်ဖွဲ့ဝင်တွေတိုင်း အန္တရာယ်နယ်မြေလို့ သတ်မှတ်ထားတဲ့ အဆင့်Aဂြိုလ်ကိုသွားကာ တာဝန်ထမ်းဆောင်ရမှာဖြစ်တယ် ။ အထက်အရာရှိတွေဟာ သူတို့ရဲ့တပ်သားတွေကို အခုတစ်လော ခက်ခဲတဲ့နေရာတွေကို မကြာခဏ​စေလွှတ်ကာ လေ့ကျင့်သင်ကြားပေးနေတယ် ။ သူတို့တွေက တစ်ခုခုအတွက် ကြိုတင်ပြင်ဆင်နေတယ်ဆိုတာ အလွန်သိသာလွန်းတယ် ။

ရှောင်ကျန့်က သူ့ရဲ့လက်အောက်က အဖွဲ့သားတွေနဲ့အတူ အဆင့်Aဂြိုလ်အပေါ်ကို လိုက်ပါလာခဲ့တယ် ။ အထက်အရာရှိတွေကလည်း ထိုဂြိုလ်ပေါ်က အခြေအနေတွေကို  အသေးစိတ်ရှင်းပြပေးခဲ့ကြတယ် ။ ဂြိုလ်သားတွေက အတူတကွစုစည်းပြီး စုပေါင်းနေထိုင်လာကာ လူသားတွေရဲ့ကမ္ဘာကို သိမ်းပိုက်ဖို့ စတင်ကြံစည်နေပြီဖြစ်တာမို့ သူတို့က သွားပြီးရှင်းလင်းသုတ်သင်ရမှာဖြစ်တယ် ။ အရေအတွက်ပိုများမလာခင် ဖြေရှင်းထားမှဖြစ်မှာမို့ သူရဲ့အထူးတပ်ဖွဲ့က အဲ့ဒီတာဝန္ကို ယူလိုက်တယ် ။

My Lovely Omega [ Completed ] Where stories live. Discover now