part. 12

31.3K 3.4K 71
                                    

ရှောင်ကျန့်က ဝမ်ရီပေါ်ရဲ့ဟော်မုန်းတွေကို သူ့အပေါ်မသက်ရောက်နိုင်အောင် ထိန်းချုပ်ဖို့စဉ်းစားထားတယ် ။ အဲ့ဒါကြောင့် ဝမ်ရီပေါ်ကို မြေကမ္ဘာဆွဲအားအခန်းထဲ တမင်ခေါ်သွားပြီး ဟော်မုန်းတွေနဲ့သုံးပြီးတိုက်ဖို့ အမိန့်ပေးခဲ့တယ် ။ သူရဲ့ရည်ရွယ်ချက်က အောင်မြင်သွားခဲ့ပေမဲ့ ရလဒ်ကတော့ စိတ်ပျက်ဖွယ်အတိပင် ။ ရီပေါ်ထုတ်လွှတ်လိုက်တဲ့ ဟော်မုန်းတွေက သူ့ရဲ့ဟော်မုန်းတွေကို ဖရိုဖရဲဖြစ်လာစေတယ် ။

ရှောင်ကျန့်က မျက်နှာမကောင်းတော့ဘူး ။ သူရဲ့heatကာလ မရောက်သေးဘူးဆိုတာကို သူကောင်းကောင်းသိထားတယ် ။ ဒါပေမဲ့ အခုတော့ ရီပေါ်ကြောင့် နှိုးဆွခံလိုက်သလို ဖြစ်သွားခဲ့ပြီ ။ သူရဲ့ဟော်မုန်းတွေကို မထိန်းချုပ်နိုင်တော့ဘူး ။ သူ့ရဲ့ကိုယ်ထဲက တစ်စုံတစ်ရာက အပြင်ကိုထွက်ချင်နေတဲ့အလား သူ့ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေတယ် ။

ရီပေါ်ရဲ့ဟော်မုန်းတွေက သူ့ကို ဘာလို့ဒီလောက်အထိ လွှမ်းမှိုးနိုင်ရတာလဲ ။ ကျစ်! မဖြစ်တော့ဘူး သူ ရီပေါ်ကို အရမ်းလိုချင်နေပြီ ။ ပေါက်ကွဲထွက်လာတော့မဲ့ သူ့ရဲ့ဆန္ဒတွေကြောင့် မြေဆွဲအားအခန်းထဲကနေ အလျင်စလိုထွက်ပြေးလာခဲ့မိတယ် ။ ရီပေါ်ကတော့ သူ ဘာလို့အခုလိုမျိုး ထွက်သွားလဲဆိုတာကို သိနိုင်မှာမဟုတ်ဘူး ။ ရှောင်ကျန့်က အဆောင်ကိုပြန်ကာ ဆေးသောက်လိုက်တယ် ။

အဲ့ဒီနောက် စိတ်ကို တည်ငြိမ်အောင်ထားကာ သူ့ကိုယ်သူ ဖြည်းဖြည်းချင်း ပြန်ထိန်းချုပ်နေတုန်းမှာပဲ အခန်းတံခါးက တစ်စုံတစ်ယောက်ရဲ့ကန်ဖွင့်ခြင်းကို ခံလိုက်ရတယ် ။ ရှောင်ကျန့်က မျက်နှာတစ်ခုလုံး ဖြူလျော့သွားခဲ့တယ် ။

" အို.... အိုမီဂါလား? "

ရှောင်ကျန့်က ​သေမိန့်ပေးခံရတော့မဲ့ လူတစ်ယောက်လိုမျိုး ကြောက်လန့်နေခဲ့တယ် ။ သိသွားပြီ! သူက ဘာဆိုတာကိုသိသွားပြီ ။ မဖြစ်ဘူး!! ဒီလူကသာ သူ့ကို အမှတ်အသားလုပ်ဖို့ ကြိုးစားလာမယ်ဆိုရင် သူ ဘာမှတက်နိုင်မှာမဟုတ်ဘူး ။ အဲ့တာကြောင့်မို့ တစ်ဖက်လူကို သတိအနေထားနဲ့ ​သေချာစောင့်ကြည့်နေလိုက်တယ် ။ အတင်းအကြပ်လုပ်မဲ့ပုံ မရှိတာကိုမြင်တော့မှ အနည်းငယ် စိတ်သက်သာရသွားခဲ့တာ ။

My Lovely Omega [ Completed ] Where stories live. Discover now