part. 18

33.4K 3.5K 184
                                    

ဇန်ဇီနိုင်ငံ နဲ့ ရန်နိုင်ငံရဲ့တင်းမာမှုက တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်တက်လာခဲ့တယ် ။ ပြီးတော့ ဇန်ဇီနိုင်ငံအတွင်းမှာလဲ အိမ်ရှေ့စံမင်းသားဦးဆောင်တဲ့အဖွဲ့နဲ့ ၊ မင်းသားကိုးဦးဆောင်တဲ့အဖွဲ့ဆိုပြီး အဖွဲ့နှစ်ဖွဲ့ကွဲလို့သွားတယ် ။ အိမ်ရှေ့စံမင်းသားက အရမ်းရက်စက်တာကြောင့် တစ်ချို့အမတ်တွေက သူ့ကိုမကြိုက်​ကြဘူး ။ သူတို့​တွေက သမာသမတ်ကျတဲ့ မင်းသားကိုးကို ပိုနှစ်သက်ကြတယ် ။

ရန်နိုင်ငံရဲ့ဘုရင်ဟာ လျို​မင်ရဲ့အပေါ်မှာ အသက်ကြွေးတင်နေတာကြောင့် လျိုမင်ရဲ့တောင်းဆိုမှုမှန်သမျှကို လက်ခံပေးဖို့ဆုံးဖြတ်ခဲ့တယ် ။ ဒါပေမဲ့ လျိုမင်က ဘာမှမတောင်းဆိုခဲ့ဘူး ။ ဘာဖြစ်လို့လဲဆိုရင် သူက သူကိုယ်တိုင်ပဲ လက်စားချေချင်ခဲ့တာ ။ ပြီးတော့ စစ်ဖြစ်တာက မကောင်းဘူးဆိုတာလည်း သိနေခဲ့တယ်လေ ။

ရန်စစ်ဟာ သူ့ကိုနန်းတော်ထဲ အတင်းပြန်လာခိုင်းနေတဲ့ အမေဖြစ်သူကြောင့် ခွင့်ယူကာပြန်လာရ​တော့တယ် ။ မိသားစုညစာ စားပွဲကျင်းပမှာမို့ သူရဲ့ညီဝမ်းကွဲနဲ့လည်း တွေ့ရတော့မှာဖြစ်တယ် ။ သူ့ရဲ့အဖေက သူ့ကို အဲ့ဒီညီဝမ်းကွဲဆိုသူနဲ့ လက်ရည်ပြိုင်စေချင်နေတယ် ။ ရန်စစ်က စိတ်ညစ်ရတာမို့ အကြိမ်ကြိမ်သက်ပြင်းချနေမိတယ် ။

ဦးလေးဝမ်းကျားရန်ကို လေးစားပေမဲ့ အဲ့ဒီအားနည်းတဲ့ အယ်ဖာလေးကိုတော့ ​နည်းနည်းလေးမှသဘောမကျဘူး ။ အယ်ဖာဖြစ်ပြီး ဘာလို့အားနည်း​နေရတာလဲ? ။ ဒါပေမဲ့ သူ့အဖေရဲ့တစ်ချက်လွှတ်အမိန့်ကို မနာခံလို့မဖြစ်ပေ ။ မဟုတ်ရင် သူ့ကို ပေးပြန်တော့မှာမဟုတ်ဘူး ။ စစ်တပ်ထဲကနေ အတင်းထွက်ခိုင်းလာလိမ့်မယ် ။

ညီဝမ်းကွဲဆိုတဲ့လူကို တွေ့လိုက်တဲ့အချိန်မှာတော့ ထိုင်နေတဲ့ခုံပေါ်ကနေတောင် ပြုတ်ကျသွားခဲ့တယ် ။ ဝမ်ရီပေါ်တဲ့လား? ရောက်ရောက်ချင်း သူ့ကိုစိန်ခေါ်ပြီး စင်ပေါ်က​နေကန်ချပစ်ခဲ့တဲ့ ဝမ်ရီပေါ်က သူ့ရဲ့အားနည်းတဲ့ညီဝမ်းကွဲတဲ့လား? ။ ဘယ်နေရာကများ အားနည်းနေတာလဲ ။ ဒါက သူ့ကို သက်သက်လိမ်ညာထားတာပဲ ။

ရန်စစ်က လည်လိမ်ခံထားရတဲ့ ကြက်ဖကြီးလိုဖြစ်နေခဲ့တယ် ။ ခေါင်းဆောင်ရဲ့နာမည်ကို ကြားတော့မှသာ စိတ်သက်သာယာရသွားခဲ့တာ ။ ဝမ်ရီပေါ်က ခေါင်းဆောင်ရဲ့ဂရုစိုက်မှုကိုလိုချင်လို့ တမင်သက်သက် အားနည်းချင်ယောင်ဆောင်ထားခဲ့တာပဲ ။ ကျစ်! အဲ့ဒီအရွယ်လေးကတည်းက တကယ့်ကိုဉာဏ်များခဲ့တာပဲ ။

My Lovely Omega [ Completed ] Where stories live. Discover now