part. 2

45.6K 3.9K 20
                                    

ရှောင်ကျန့်က သူရဲ့အသက် နှစ်ဆယ့်လေးနှစ် ဝမ်ရီပေါ် ဆယ့်ရှစ်နှစ်ပြည့်တဲ့နေမှာပဲ စစ်တပ်ထဲ ဝင်ရောက်သွားခဲ့တယ် ။ စစ်တပ်ခေါင်းဆောင်ဟာ ရှောင်ကျန့်ရဲ့အရည်အချင်းကို အလွန်သဘောကျတာကြောင့် စစ်တပ်ထဲကို အလွယ်တကူ ဝင်ရောက်စေခဲ့တယ် ။ ရှောင်ကျန့်အတွက် သန်မာလာအောင်လုပ်ဖို့က ဘဝမှာ အရေးအကြီးဆုံးဖြစ်တယ်။ သူက အိုမီဂါတစ်ယောက်ဆိုတာကို ဘယ်သူကိုမှ မသိစေချင်ဘူး ။

အယ်ဖာတစ်ယောက်ရဲ့အောက်မှာနေပြီး ထိန်းချုပ်မခံနိုင်ဘူး ။ အိုမီဂါတွေက ကလေးမွေးတာကလွဲရင် အသုံးမဝင်ဘူးလို့ ပြောတဲ့လူတွေကို သူကန့်ကွက်တယ် ။ အိုမီဂါတွေမှာလည်း သူတိုရဲ့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသင့်တယ် ။ ရှောင်ကျန့်က သူရဲ့ပထမဆုံးheatဝင်တုန်းက အဖြစ်ဆိုးကြီးကို အခုအချိန်အထိ မေ့လို့မရခဲ့ဘူး ။ အဲ့တာကြောင့် သူက အယ်ဖာတွေကိုမုန်းတယ် ။

ရှောင်ကျန့်ဟာ အယ်ဖာတွေရဲ့ခန္ဓာကိုယ်က ထုတ်တဲ့ ဟော်မုန်းတွေကို တောင့်ခံနိုင်ဖို့ သေမတက်ကြိုးစားခဲ့ရတယ် ။ အယ်ဖာတွေက တစ်စုံတစ်ယောက်ကို ထိန်းချုပ်ချင်တဲ့အချိန်ဖြစ်ဖြစ် ၊ တိုက်ခိုက်ချင်တဲ့အချိန်ဖြစ်ဖြစ် သူတို့ရဲ့ဟော်မုန်းတွေကို ထုတ်လွှတ်တက်ကြတယ် ။ အဲ့ဒီအချိန်တွေဆိုရင် အင်အားပိုကြီးမားတဲ့ အယ်ဖာက အမြဲအနိုင်ရမြဲ ။ အဲ့တာကြောင့်မို့ ရှောင်ကျန့်က အယ်ဖာဟော်မုန်းဆေးတွေကို သောက်ကာ သူ့ရဲ့ပုံစံအမှန်ကို ဖုံးကွယ်ထားခဲ့တယ် ။

အယ်ဖာတစ်ယောက်ရဲ့ပိုင်ဆိုင်လိုစိတ်က သောက်လောက်အောင် ကြောက်ဖို့ကောင်းလွန်းတယ် ။ အဲ့တာအပြင် သူတို့က အရမ်းလည်း တစ်ကိုယ်ကောင်းဆန်တယ် ။ အယ်ဖာတွေဟာ သူတို့ရဲ့အိုမီဂါတွေကို အိမ်ထဲမှာထားကာ ဘယ်သူမှမမြင်အောင် ပိတ်လှောင်ထားတက်ကြတယ် ။

လည်ပင်းမှာ ကိုက်ရာမရှိတဲ့ အိုမီဂါတွေရဲ့ဘဝက အရမ်းသနားဖို့ကောင်းတယ် ။ သူတို့က အန္တာရာယ်တွေကြားက​နေ ရှောင်ပုန်းနေတဲ့ သားကောင်ငယ်လေးတွေလိုပဲ ။ ကိုယ်ပိုင်အယ်ဖာရှိရင်တော့ ဒါတွေအတွက် ပူနေစရာမလိုဘူး ။ ကိုက်ရာရှိတဲ့အိုမီဂါတွေကို အနိုင်ကျင့်စော်ကားရင် နိုင်ငံတော်က ရက်စက်စွာသတ်ဖြတ်မှာဖြစ်တယ် ။

My Lovely Omega [ Completed ] Where stories live. Discover now