part. 14

30.8K 3.4K 97
                                    

ရန်စစ်က အနံ့ခံကြည့်လိုက်ပေမဲ့ ဘာအနံ့မှမရတာကြောင့် မျက်ခုံးတွေတွန့်ချိုးသွားတယ် ။  ဝမ်ရီပေါ်ရဲ့ပုံစံက လိမ်ပြောနေတာနဲ့မတူဘူး ။ ဒါပေမဲ့ အိုမီဂါဟော်မုန်းဆိုရင် သူလည်းသတိထားမိရမှာပေါ့ ။ တကယ်လို့ သူ့ရဲ့အနံ့ခံအာရုံမှာ ပြသာနာရှိနေတယ်ဆိုရင်တောင် တစ်​​ခြားအယ်ဖာတွေရှိတယ်လေ ။ သူတို့လည်းသိနိုင်တာပဲ မဟုတ်လား? ။

" ရီပေါ် မင်းမှားနေတာများလား ။ ငါတော့ ဘာဟော်မုန်းမှမရဘူးနော် ''

" မဟုတ်ဘူး ကျိန်းသေတယ် ။ အဲ့တာကကြာပန်းနံလေးတွေ ပြီးတောအဲ့ဒီအနံ့က ကျွန်တော်နဲ့အရမ်းရင်းနှီးနေတယ် ''

" အဲ့ဒီဟော်မုန်းတွေက ဘယ်ဘက်ကလာတာလဲ? ''

" အရှေ့ဘက်တည့်တည့်ကပဲ ။ ပြီးတော့ အရမ်းပြင်းတဲ့သွေးနံ့တွေကလည်း အဲ့ဒီဟော်မုန်းအထဲမှာ ပါနေသေးတယ် ''

ရန်စစ်က ဝမ်ရီပေါ်ရဲ့စကားကိုယုံတယ် ။ အဲ့တာကြောင့် အချိန်ဆွဲမနေတော့ပဲ အဖွဲ့သားတွေကိုခေါ်ကာ အရှေ့ဘက်အ​​​ခြမ်းကို အမြန်သွားလိုက်တယ် ။ ခေါင်းဆောင်က မြောက်ဘက်နေ အရှေ့ဘက်ကို ဘယ်လိုလုပ်ရောက်နေတာလဲ? ။ တစ်ခုခုနဲ့များ တွေ့နေတာလား ။

လမ်းတစ်ဝက်ရောက်တော့ ခေါင်းဆောင်နဲ့အတူလိုက်သွားတဲ့ အဖွဲ့သားအများစုကို ပြန်တွေ့လိုက်ရတာကြောင့် နည်းနည်းတော့ စိတ်သက်သာယာရသွားခဲ့တယ် ။ အဲ့ဒီလူတွေကလည်း သူတို့ကိုမြင်တာနဲ့ အားတက်သွားပြီးပြေးလာကြတယ် ။

" ဒုခေါင်းဆောင် !! တခေါင်းဆောင်!! "

" မင်းတို့တွေပဲလား ခေါင်းဆောင်ရော ? ''

" တခေါင်းဆောင် ကျွန်တော်တို့တွေ ခြုံခိုတိုက်ခံခဲ့ရတယ် ။ ဂြိုလ်သားတွေစီကမဟုတ်ဘူး ဇန်ဇီနိုင်ငံကလူတွေ ''

" ဘာ! သူတို့တွေလည်း ဒီဂြိုလ်ကိုရာက်နေကြတာလား ? ''

" ဟုတ်ပါတယ် တခါင်းဆောင် ။ မြောက်အရပ်ကိုသွားနေတဲ့ လမ်းတစ်ဝက်မှာပဲ သူတို့တွေနဲ့တွေ့ခဲ့တာ ။ သူတို့ထဲမှာ သန်မာတဲ့အယ်ဖာတွေအများကြီးပဲ ။ သူတို့က ခေါင်းဆောင်ကိုပစ်မှတ်ထားတာကြောင့် ကျွန်တော်တို့ အဖွဲ့ခွဲပြီးထွက်ပြေးလာတာ ။ ကျွန်တော်တို့လူတွေ တော်တော်ထိသွားတယ် ။ သူတို့က ကျွန်တော်တို့ကို အသေသတ်ဖို့ကြံစည်ထားတာ ။ ခေါင်းဆောင်သာ ကာကွယ်မပေးထားရင် ကျွန်တော်တို့အားလုံးသေနိုင်တယ် ''

My Lovely Omega [ Completed ] Where stories live. Discover now