part. 28

26.5K 2.7K 45
                                    

ဝမ်ရီပေါ်က ကပ်ပါး​ကောင်တွေကို နှိမ်နှင်းမဲ့ခရီးစဉ်မှာ ဦးဆောင်မဲ့လူက ကိုကိုဆိုတာကိုသိတာနဲ့ လိုက်ချင်ကြောင်းကို အတင်းပူဆာမိတယ် ။ ရှောင်ကျန့်က ခေါ်မသွားချင်ဘူး ။ ဒါပေမဲ့ အတင်းတောင်းဆိုနေတဲ့ ဝမ်ရီပေါ်ကြောင့် လက်မြှောက်အရှုံးပေးခဲ့ရတယ် ။ အဲ့ဒီကလေးက အယ်ဖာသာဖြစ်နေတာ သူ့ကို ဒီအရွယ်အထိ ကလေးတစ်ယောက်လို ချွဲလို့ကောင်းတုန်း ။ မလိုက်စေချင်ပေမဲ့လည်း သူ့ရဲ့ခါးကိုဖက်ကာ ဂျီကျနေတဲ့ရီပေါ်ကြောင့် လက်ခံလိုက်ရတော့တယ် ။ ဒီကလေးရဲ့အချွဲတွေကို သူတကယ်တောင့်မခံနိုင်ဘူး ။

ရီပေါ်က သူနဲ့အတူလိုက်မယ်ဆိုတာကို သိသွားတဲ့ရန်စစ်ကလည်း သူပါလိုက်ချင်ကြောင်း ပြောလာတော့တယ် ။ ရှောင်ကျန့်က
အစကတော့ငြင်းမလို့ပဲ ။ ဒါပေမဲ့ ထျန်ဖုန်းကိုတွေးမိသွားတာမို့ လက်ခံခဲ့တယ် ။ ထျန်ဖုန်းက ရန်စစ်ကို သဘောကျနေတယ်​လေ ။ အဲ့တာကြောင့် သူကကူညီပေးရမှာပေါ့ ။ သူငယ်ချင်းတွေပဲလေ ။ အမှန်တရားကတော့ ရှောင်ကျန့်ဟာ အိပ်ယာထဲက မထနိုင်ဖြစ်နေမဲ့ ထျန်းဖုန်းကို တွေးမိသွားလို့ဖြစ်တယ်  ။

ရီပေါ်နဲ့ရန်စစ်ကို စောင့်ရှောက်ရမဲ့တာဝန်ကိုတော့ သူပဲယူလိုက်တယ် ။ အဲ့ဒီနှစ်ယောက်က ပြောမရဆိုမရလေးတွေ ။ ရီပေါ်က သူ့ရဲ့အနားကလွဲပြီး ဘယ်မှမသွားမှာသေချာပေမဲ့ ရန်စစ်ကတော့ ထိုသို့မဟုတ် ။ အဲ့ဒီကောင်လေးက ဟုတ်ကဲ့ဆိုပြီး တစ်လွဲလုပ်မဲ့ကောင်လေး ။ သူ့ရဲ့စကားကို ယုံလို့ရတာမဟုတ်ဘူး ။ ဝေးဝေးကြည့်နေစရာမလိုပါဘူး သူ့ကိုပဲကြည့်လေ။ လျှို့ဝှက်ပေးထားပါမယ်ဆိုပြီး ဘာလုပ်ခဲ့လဲဆိုတာ ။

အဲ့ဒီနောက်မှာတော့ ရှောင်ကျန့်ဟာ သန်မာတဲ့လူအယောက်တစ်ရာကို ရွေးချယ်ကာ ထွက်ခွာသွား​တော့တယ် ။ သူက ဒီတာဝန်ကို အကြိမ်ကြိမ်ထမ်းဆောင်ဖူးတာမို့ အထက်အရာရှိတွေက သူ့ကို ယုံကြည်စိတ်ချ​ကြတယ် ။ သူကလည်း သူတို့တွေကို ဘယ်တုန်းကမှ စိတ်မပျက်ခဲ့စေခဲ့ဘူး ။ ဒါပေမဲ့ ဒီတစ်ခေါက်က အရင်ကနဲ့မတူပဲ ခြားနားလို့နေတယ် ။ ဇန်ဇီနိုင်ငံက ထိုနှိမ်နှင်းမှုကိုဦးဆောင်ကာ နိုင်ငံတိုင်းကို လူအယောက်တစ်ရာသာ ခေါ်ဆောင်လာခွင့်ပြုထားတယ် ။

My Lovely Omega [ Completed ] Where stories live. Discover now