part. 32

23.8K 2.6K 15
                                    

ဝမ်ရီပေါ်ဟာ စိတ်ထဲနေလို့်မကောင်းဖြစ်နေတယ် ။ တစ်ခုခုဖြစ်တော့မယ်လို့ သူ့ရဲ့မသိစိတ်က သူ့ကိုပြောနေတယ်။ အဲ့ဒီခံစားချက်ကြီးက ပြီးခဲ့တဲ့ပြိုင်ပွဲမှာတည်းက စတင်ခဲ့တာ ။ ကိုကို့ကိုလိုက်ရှာမိတော့ ကိုကိုဟာ စခန်းထဲကနေ ထွက်သွားကြောင်းကို သိခဲ့ရတယ် ။ အဲ့တာကြောင်မို့လို့ သူ့မှာ အသက်ပင်ဖြောင်အောင့်မရှူနိုင်တော့ ။ သူတို့အခုရောက်နေတာက အန္တာရယ်များတဲ့နေရာလေ ။

ရန်စစ်ကို ကိုကိုမရှိကြောင်းပြောပြခဲ့တော့ ရန်စစ်ဟာ သူ့ကို အရမ်းစိတ်မပူဖို့ပြောတယ် ။ ကိုကို့ရဲ့အစွမ်းအစကို ယုံကြည်ပေးလိုက်တဲ့ ။ သူက အဲ့တာကိုသိနေပေမဲ့လည်း စိတ်မချဖြစ်​နေတုန်းပဲ ။ အဲ့တာကြောင့် ကိုကိုပြန်ရောက်လာမဲ့အချိန်ကိုသာ ရေတွက်ရင်းစောင့်နေခဲ့တယ် ။

မကြာခင်မှာပဲ ပြန်ရောက်လာတဲ့ကိုကို့ကို မြင်လိုက်ရတယ် ။ ကိုကိုဟာ စိတ်ဓာတ်ကျနေတဲ့ပုံစံနဲ့ ခေါင်းကြီးကိုငုံ့ကာ လျှောက်လာတယ် ။ ကိုကိုရဲ့အနားကို အပြေးသွားမိတော့ ကိုကိုငိုနေတာကို တွေ့လိုက်ရတယ် ။ ကိုကို အခုလိုမျက်ရည်ကျတာကို သူမြင်တာ ဒါနဲ့ဆိုရင် နှစ်ကြိမ်တောင်ရှိသွားပြီ ။ ပထမတစ်ကြိမ်က ဆေးစစ်ချက် အဖြေထွက်တဲ့နေ့မှာ ။ ဝမ်ရီပေါ်က ရင်ဘတ်​တွေတင်းကြပ်လာတယ် ။ အသက်ရှူလို့မရတော့ဘူး ။ သူ့ရဲ့လည်ပင်းကကို တစ်စုံတစ်ယောက်က အားနဲ့ညစ်ထားသလို ခံစားနေရတယ် ။

ကိုကိုဟာ အခန်းထဲရောက်တဲ့အထိ အသံတိတ်မျက်ရည်ကျနေတုန်းပဲ ။ ဝမ်ရီပေါ်က ဘယ်လိုမှသည်းမခံနိုင်တော့ဘူး ။ အဲ့တာကြောင့် ကိုကိုရဲ့ကိုယ်လေးကို တင်းကြပ်စွာပွေ့ဖက်ကာ ကျောလေးကိုပုတ်ပေးရင်း မေးလိုက်တယ် ။

" ဘာဖြစ်ခဲ့တာလဲ ကိုကို ? ကျွန်တော့်ကို ပြောပြပါလား  ''

"...........''

" ကိုကိုပြောပြမှ ကျွန်တော်ကသိမှာ​လေ ။ ကျွန်တော့်ကိုချစ်တယ်ဆိုရင် ပြောပြပါနော် ''

ကိုကိုဟာ သူ့ရဲ့အသံကိုကြားတာနဲ့ ပိုငိုလာတယ် ။ ဒီတစ်ခါမှာတော့ အသံတွေပါ ထွက်လာတဲ့အထိပဲ ။ ပါးစပ်က​နေလည်း ကိုကိုဘယ်လိုလုပ်ရမလဲ ဝမ်လေးတဲ့ ။

My Lovely Omega [ Completed ] Where stories live. Discover now