part. 26

27.1K 3K 75
                                    

ရန်စစ်ဟာ ပြန်သတိရလာတဲ့အခါမှာတော့ သူ့ရဲ့တစ်ကိုယ်လုံးက ပတ်တီးအဖွေးသားဖြစ်နေတာကို ​​မြင်လိုက်ရတာကြောင့် သက်ပြင်းချမိတယ် ။ အသက်ရှင်နေသေးတာပဲ ။

" အို! မင်းသတိရလာပြီပဲ ။ ရှောင်ကျန့်က မင်းကို အေးဆေးအနားယူဖို့မှာလိုက်တယ် ။ မစိုးရိမ်နဲ့ သူဖြေရှင်းလိုက်မယ်တဲ့ "

" ခင်များက ? ''

" အာ! ကိုယ် မင်းကို ကိုယ်ကဘယ်သူလဲဆိုတာကို မိတ်ဆက်ပေးဖို့မေ့နေတာပဲ ။ ကိုယ်က ရှောင်ကျန့်ရဲ့သူငယ်ချင်း လာရက်နိုင်ငံရဲ့အိမ်ရှေ့စံမင်းသား ထျန်ဖုန်း ''

" ကျွန်တော့်ကို အခုအခုလိုဂရုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ''

" ကျေးဇူးတင်ဖို့မလိုပါဘူး ။ ရှောင်ကျန့်ကိုယ်တိုင်က ကိုယ့်ကို အကူအညီတောင်းတာကို ဂရုမစိုက်ပဲထားစရာလား ''

" ခေါင်း... ခေါင်းဆောင် သူရောအဆင်ပြေရဲ့လား? "

" သူကအဆင်ပြေတယ် ။ ဒါပေမဲ့ မင်းက ရန်နိုင်ငံရဲ့အိမ်ရှေ့စံမင်းသားဆိုတာကိုတော့ အားလုံးသိသွားကြပြီ ''

"............''

ထျန်ဖုန်းက သူ့ကို ဘာမှထပ်မေးတော့တဲ့ လူငယ်လေးကြောင့် သူလည်းဆက်မပြောတော့ပေ ။ လူငယ်လေးက နံရိုးထိထားတာမို့ ဆေးလိမ်းထားရပြီး အပေါ်ပိုင်းကဗလာကျင်းဖြစ်နေတယ် ။ ဖြူဖွေးနေရယ်လည်းမဟုတ် အညိုဘက်သန်းနေရယ်လည်းမဟုတ်တဲ့ လူရဲ့ကိုယ်ခန္ဓာကိုယ်ကြည့်​နေရင်း စိတ်ထဲပေါ်လာတဲ့အတွေးကြောင့် လန့်ဖြတ်သွားတယ် ။ မဖြစ်ဘူး! ဒီနေရာကနေ သူအမြန်ထွက်သွားရမယ် ။

တစ်ချိန်တည်းမှာပဲ အယ်ဖာတစ်ယောက်ကို တပ်မက်စိတ်ဝင်သွားတဲ့ သူ့ကိုယ့်သူလည်းအံသြမိတယ် ။ ဒီလူငယ်ရဲ့အနားမှာ နေလို့မဖြစ်တော့ဘူး ။ မဟုတ်ရင် သူ့ရဲ့ထိန်းချုပ်နိုင်စွမ်းတွေလျော့ကျလာပြီး တစ်ခုခုလုပ်လိုက်မိလိမ့်မယ် ။ ရှောင်ကျန့်ရေ မင်းကြောင့် မင်းရဲ့သူငယ်ချင်းကြီး ငါတော့ ဒုက္ခစရောက်နေပြီ ။ ထျန်ဖုန်းက ထိုအခန်းထဲကနေ အမြန်ဆုံးထွက်ပြေးလာခဲ့တယ် ။

" ကိုကို ကျွန်တော်ဘာမှမဖြစ်ပါဘူး စိတ်မပူပါနဲ့ဆို ''

" မရဘူး ဝမ်လေး ။ ကိုကို မင်းကိုစိတ်မပူဘဲမနေနိုင်ဘူး ။ အဲ့ဒီလူတွေက ရန်စစ်ကို ဘယ်လိုလုပ်လိုက်လဲ မင်းတွေ့တယ်မလား ။ အဲ့ဒီနေရာမှာ မင်းသာဆိုရင် ကိုကိုရူးသွားရလိမ့်မယ် ဝမ်လေး ''

My Lovely Omega [ Completed ] Where stories live. Discover now