part. 15

32.5K 3.3K 36
                                    

ဝမ်ရီပေါ်က သတိလစ်နေတဲ့ ကိုကိုရဲ့အနားကို အပြေးသွားကာ အသားတွေကို ထိကြည့်လိုက်တယ် ။ ကိုကိုရဲ့ခန္ဓာကိုယ်က အရမ်းအေးစက်နေတယ် ။ မျက်နှာလေးကလည်း ဖြူဖပ်ဖြူလျော့ဖြစ်နေပြီး ချွေးတွေရွှဲနှစ်နေတယ် ။ တောက် ! သူဒီတစ်သက် အဲ့ဒီနိုင်ငံကကောင်တွေကို လုံးဝအလွတ်မပေးဘူး ။ ကိုကို့ကို ဒီအခြေအနေထိရောက်အောင် တွန်းပို့ခဲ့တဲ့အဲဒီလူတွေကို သူ့ရဲ့လက်နဲ့ သူကိုယ်တိုင်သတ်ပစ်မယ် ။

ရန်စစ်က ခေါင်းဆောင်ကိုချီပြီး ပြန်လာတဲ့ ဝမ်ရီပေါ်ကိုတွေ့တော့မှ သက်ပြင်းချနိုင်တော့တယ် ။ တော်သေးတာပေါ့ ဘာမှကြီးကြီးမားမားမထိခိုက်သွားတာ ။ အဖွဲ့ဝင်တွေအားလုံးရဲ့ရင်ထဲမှာလည်း ဒေါသတွေထွက်နေတယ် ။ သူတို့ရဲ့လေးစားအားကျရတဲ့ ခေါင်းဆောင်ကို ကလိမ်ကကျစ်နည်းလမ်းနဲ့ တိုက်ခိုက်တာကို လုံးဝမကျေနပ်ဘူး ။ အဲ့ဒီနောက်မှာတော့ ဂြိုလ်ပေါ်ကနေ အမြန်လာခဲ့ကြပတယ် ။ ဂြိုလ်ပေါ်မှာဖြစ်ခဲ့တဲ့ကိစ္စတွေကို အထက်အရာရှိတွေကို ပြန်တင်ပြဖို့အရေးကြီးတယ် ။

ပြီးတော့ ဇန်ဇီနိုင်ငံကအယ်ဖာကောင်တွေ ဘယ်လောက်အထိ စိတ်ဓာတ်အောက်တန်းကျလဲဆိုတာကိုပါ ပြန်ပြောပြရမယ် ။ ခေါင်းဆောင်နဲ့အတူပါသွားတဲ့ စစ်သားနှစ်ယောက် ပြန်သတိရလာတဲ့အခါမှာ ပြောပြတဲ့စကားတွေကြောင့် အားလုံးကအရမ်းအံ့အားသင့်သွားတယ် ။ ခေါင်းဆောင်က​ ဂြိုလ်သားတွေကို တစ်ယောက်တည်းတိုက်ခိုက်ခဲ့တာတဲ့လေ ။ ခေါင်းဆောင်ပေါ်ထားတဲ့ သူတို့ရဲ့သစ္စာရှိမှု့တွေက ပိုမိုများလာတယ် ။

အခုဆိုရင် သူတို့တွေက ခေါင်းဆောင်ရဲ့အမိန့်ကိုသာ နာခံတော့မှာဖြစ်ပြီး သူတို့ရဲ့အသက်တွေကို ခေါင်းဆောင်စီပေးဖို့ ဆုံးဖြတ်ထားပြီးသား ။ ခေါင်းဆောင်အတွက်ဆိုရင် နိုင်ငံတော်ကိုပုန်ကန်ရမယ်ဆိုရင်တောင် သူတို့က တစ်ချက်မှတွန့်မှာမဟုတ်ဘူး ။ ခေါင်းဆောင်တစ်ဦးတည်းကိုပဲ သူတို့သစ္စာခံမယ် ။

ဇန်ဇီနိုင်ငံက အယ်ဖာလေးခေါင်းဆောင်လေးယောက်ကို သတ်ဖြတ်ကာ ဂြိုလ်သားတွေစခန်းကို တစ်ယောက်တည်းတိုက်ခိုက်ခဲ့တဲ့ ခေါင်းဆောင်ရဲ့သတင်းက အခုဆိုရင် စစ်တပ်ထဲမှာပြန့်လို့နေတယ် ။ ခေါင်းဆောင်အပေါ်ထားတဲ့ စစ်သား​တွေရဲ့လေးစားမှု့တွေကလည်း အလွန်မြင့်မားလာတယ် ။ အရာရှိတွေကလည်း အဲ့ဒီသတင်းနဲ့ပတ်သတ်ပြီး အလွန်ကျေနပ်အားရနေတယ် ။

My Lovely Omega [ Completed ] Where stories live. Discover now