part. 34

23.2K 2.7K 84
                                    

မျက်လုံး​တွေဖွင့်မိတော့ မျက်နှာကျက်ဖြူဖြူက သူ့ကိုစီးကြိုနေတယ် ။ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်တော့ ဆေးရုံမှာ ။ ဝမ်ရီပေါ်က ဘာတွေဖြစ်ခဲ့လဲဆိုတာကို ပြန်သတိရသွားတယ် ။ ကိုကို! သူရဲ့ကိုကိုဘယ်မှာလဲ? ။ ကိုကို့ကိုရှာရမယ် ။ ဟုတ်တယ်! ကိုကို့ကိုလိုက်ရှာရအုံးမယ် ။ ဒီအတိုင်းလှဲနေလို့မဖြစ်ဘူး ။ ကိုကိုက သူ့ကိုစောင့်နေမှာ ။ သူရောက်လာမှာ စောင့်နေလိမ့်မယ် ။

အဲ့တာကြောင့် သွေးကြောထဲ ထိုးသွင်းထားတဲ့ ဆေးထိုးအပ်တွေကို ဆွဲဖြုတ်ပစ်လိုက်တယ် ။ သွေးတွေထွက်လာ​ပေမဲ့လည်း ဂရုမစိုက်​ဖြစ် ။ ကုတင်ပေါ်ဆင်းကာ အလောတကြီးဆင်းကာ  မတ်တပ်မိလိုက်တော့ မူးဝေသွားတာကြောင့် လဲကျမလိုဖြစ်သွားခဲ့တယ် ။ အဲ့ဒီအချိန်မှာပဲ သူရဲ့အဖေက သူ့ရဲ့အနားကိုလာကာ လဲကျမသွားအောင် ထိန်ပေးခဲ့တယ် ။

" ရီပေါ်  မင်းအရမ်းလှုပ်ရှားလို့ မရသေးဘူး ''

" ဖေဖေ ကိုကိုရော ကိုကိုရောလို့ ! ကျွန်တော် ကိုကို့ကို ဘာလို့မတွေ့တာလဲ ''

ဝမ်ကျားရန်က သွေးရူးသွေးတန်းဖြစ်နေတဲ့ သူရဲ့သားဖြစ်သူကြောင့် အသံတိတ်မျက်ရည်ကျမိတယ် ။ ဒီကလေးက အားကျန့်ကိုသိပ်ချစ်တာ ။

" မင်းနေကောင်းလာမှ အဖေ မင်းကိုပြောပြမယ် ။ လိမ္မာတယ်နော် ဆေးကုသမှုကို အရင်ခံယူနော် ''

" ဟင့်အင်း! ကျွန်တော် ကိုကို့နဲ့ဘချင်းခြင်းတွေ့ချင်တယ် ကိုကိုနဲ့တွေ့မယ်လို့!! ''

ဝမ်ကျားရန်ဟာ ရုန်းကန်နေတဲ့သားဖြစ်သူကို မနည်းချုပ်ထားရတယ် ။ အချက်ပေးခလုတ်ကို နှိပ်လိုက်တဲ့အချိန်မှာတော့ ဆရာဝန်တွေကရောက်လာပြီး စိတ်ငြိမ်ဆေးထိုးပေးလိုက်တယ် ။ အဲ့ဒီနောက် ကုတင်ပေါ်မှာအိပ်ပျော်သွားတဲ့ သူ့ရဲ့သားကိုကြည့်ကာ ရှောင်ကျန့်မရှိတော့ဘူးဆိုတဲ့အကြောင်းကို ဘယ်လိုပြောပြရင် ကောင်းမလဲဆိုတာကိုသာ စဉ်းစား​နေခဲ့တယ် ။

ရန်စစ်ရဲ့စကားအရဆိုရင်တော့ သူတို့တွေက ကပ်ပါးကောင်အသိုက်နဲ့တွေ့ပြီး ဒုက္ခရောက်ရတယ်ဆိုပဲ ။ ကပ်ပါးကောင်တွေရဲ့အရေအတွက်က ရရှိထားတဲ့အချက်အလက်တွေထက် သုံးဆလောက် များပြားနေခဲ့တယ်တဲ့လေ ။ ရန်စစ်က ထျန်ဖုန်းကိုရှာတွေပြီး အကူအညီတောင်းကာ အဖွဲ့စီပြန်လာခဲ့ပေမဲ့လည်း ဝမ်ရီပေါ်နဲ့ရှောင်ကျန့်ကိုတော့ မတွေ့ခဲ့ရဘူး ။ ပြန်တွေ့တဲ့အချိန်မှာတော့ သတိလစ်နေတဲ့ ဝမ်ရီပေါ်နဲ့ ရှောင်ကျန့်ရဲ့အသက်မရှိတော့တဲ့ ခန္ဓာကိုယ်သာဖြစ်တယ် ။

My Lovely Omega [ Completed ] Kde žijí příběhy. Začni objevovat