part. 42

27.9K 2.8K 32
                                    

ဇန်ဇီနိုင်ငံရဲ့အိမ်ရှေ့စံမင်းသားဟာ ပုန်ကန်မှုနဲ့ ကြိုးစင်ပေးခံလိုက်ရတယ် ။ မသေခင်မှာလည်း သူကျူးလွန်ထားခဲ့တဲ့ ပြစ်မှုအားလုံးက ပေါ်သွားခဲ့တာမို့ အားလုံးရဲ့အထင်သေးခြင်းကို ရင်ဆိုင်သွားရတယ် ။ အ​မေဖြစ်သူက သားဖြစ်သူရဲ့လုပ်ရပ်တွေအတွက် အရှက်ရကာ ကိုယ့်ကိုသတ်သေသွားခဲ့တယ် ။ ညီမဖြစ်သူကတော့ လောကကြီးကိုစိတ်ပျက်သွားကာ တိတ်တိတ်လေး ထွက်သွားခဲ့တယ် ။ သူမ ဘယ်ကို ထွက်သွားလဲဆိုတာကို ဘယ်သူကမှမသိခဲ့ဘူး ။

မင်းသားကိုးကျီဖုန်းက နန်းတက်ပြီး ဥပဒေတွေကို ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့တယ် ။ အိုမီဂါတွေကို နှိပ်စက်ညှင်းပန်းတဲ့လူတိုင်း ပြင်းပြင်းထန်ထန် အရေးယူခံရမည်ဟုသော ဥပဒေသစ်ကိုပါ ထပ်မံဖြည့်သွင်းခဲ့တယ် ။ ဇန်ဇီနိုင်ငံအတွင်းက အိုမီဂါတွေဟာ ထိုဥပဒေအသစ်ကြောင့် မျက်ရည်ကျမတက် ပျော်ရွှင်သွားကြပြီး မင်းသားကိုးကို ပိုမိုထောက်ခံလာကြတယ် ။

" လျိုမင် ကိုယ့်ရဲ့ဘေးမှာ ကိုယ်နဲ့အတူရှိနေပေးပါလား ''

"............''

" ကိုယ် မင်းကို လက်ထပ်ချင်တယ် ''

ကျီဖုန်းက လျိုမင်ကို အားလုံးရဲ့အရှေ့မှာ လက်ထပ်ခွင့်တောင်းခဲ့ပြီး လျိုမင်ကလည်း ပျော်ရွှင်စွာလက်ခံခဲ့တယ် ။ နောက်ဆုံးမှာတော့ သူ အမြဲလိုချင်တောင့်တနေခဲ့တဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီ ။ ကျီဖုန်းနဲ့အတူ ထာဝရနေသွားလို့ရပြီ ။

ဝမ်ရီပေါ်ဟာ ရှောင်ကျန့်ကိုခေါ်ပြီး သူ့ရဲ့တပ်ဖွဲ့တွေနဲ့အတူ ရန်နိုင်ငံကို ပြန်လာခဲ့တယ် ။ ရန်နိုင်ငံကလူတွေက ရှောင်ကျန့်ကိုတွေ့တော့ ဝမ်းသာမျက်ရည်တွေကျကာ ငိုလာ​ကြတယ် ။ သူတို့တွေဟာ ရှောင်ကျန့်ရဲ့ဘဝအမှန်ကို သိသွားကြပေမဲ့လည်း အံသြသွားတာကလွဲပြီး ဘယ်လိုမှမခံစားရခဲ့ဘူး ။ ပိုလို့တောင် လေးစားလာကြ​သေးတယ် ။

အိုမီဂါတစ်ယောက်က စစ်တပ်တစ်ခုလုံးကို အမိန့်ပေးနိုင်တဲ့အထိ သန်မာတယ် ။ အဲ့ဒီလိုအိုမီဂါမျိုးကို ဘယ်သူကတွေ့ဖူးလဲ ။ သူတို့ရဲ့ခေါင်းဆောင်က အားလုံးထဲမှာ အသန်မာဆုံးပဲ ။ အိုမီဂါတွေကို အားနည်းတယ်လို့ ဘယ်သူကပြောလဲ ။ အိုမီဂါတွေက ကလေးမွေးတဲ့နေရာမှာပဲ အသုံးဝင်တယ်လို့ ဘယ်သူကပြောလဲ ။ အိုမီဂါတွေအပေါ်ထားရှိတဲ့ သဘောထားတွေ၊ အမြင်တွေကလည်း တဖြည်းဖြည်းပြောင်းလဲလာကြတယ် ။

My Lovely Omega [ Completed ] Where stories live. Discover now