part. 29

26K 2.7K 29
                                    

ထျန်ဖုန်းက ရန်စစ်နဲ့တွေ့ချင်တဲ့အတွက်
ရှောင်ကျန့်ရှိရာကို လာခဲ့မိတယ် ။ တိုင်ပင်ဆွေး​နွေးစရာလည်း ပါတာပေါ့ ။ ကျီလျုံဆိုတဲ့လူက ခေါင်းဆောင်တွေအားလုံးကို သူနဲ့လာတွေ့ဖို့ တောင်းဆိုခဲ့တယ်လေ ။ အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး သူ့ရဲ့စိတ်ထဲမှာ မတင်မကျဖြစ်နေတာမို့ ရှောင်ကျန့်နဲ့တိုင်ပင်ချင်တာဖြစ်တယ် ။ သူတို့တွေ ဒီဂြိုလ်ကိုရောက်လာတာ ဒီနေ့နဲ့ဆိုရင် နှစ်ရက်တောင်ရှိသွားပြီ ။ ဒါပေမဲ့ ကပ်ပါးကောင်တွေကို အခုအချိန်အထိ မရှင်းလင်းရသေးဘူး ။

ရှောင်ကျန့်က နေမကောင်းဖြစ်နေတယ်ဆိုတဲ့ သတင်းကိုကြားတုန်းက သူ့မှာ လုံးဝကိုမယုံကြည်နိုင်ခဲ့ဘူး ။ သူနဲ့တွေ့တုန်းကတောင် အလန်းကြီးရှိ​နေသေးတယ် မဟုတ်ပါလား ။ ပြီးတော့ အဲ့တာက ဘယ်လောက်မှလည်း မကြာသေးဘူးလေ ။ ဘယ်လိုလုပ်ပြီး နေမကောင်းဖြစ်သွားရတာလဲ? ။ ထျန်းဖုန်းက တွေးမရဖြစ်နေတယ် ။ ရှောင်ကျန့်စီကို ရောက်သွားတဲ့အချိန်မှာတော့ ရှောင်ကျန့်သာမက သူ့ကိုထိုးလွှတ်လိုက်တဲ့ ဝမ်ရီပေါ်ဆိုတဲ့ကောင်လေးကိုပါ မြင်လိုက်ရတယ် ။

" ဝမ်လေး ကိုကို သူနဲ့ပြောစရာရှိလို့ အပြင်ကို ခဏလောက်ထွက်ပေး ''

ဝမ်ရီပေါ်ဟာ သူ့ကိုတောင်းဆိုသလို ကြည့်နေတဲ့ကိုကိုကြောင့် မကျေနပ်ပေမဲ့လည်း လက်ခံလိုက်တယ် ။

" အင်းပါ ။ ကျွန်တော်က ကိုကို့ကိုစိုးရိမ်လို့ အနားမှာနေတာပါ ။ ဒါပေမဲ့ အခုတော့ ကိုကို့ရဲ့စကားကိုနားထောင်ပြီး ထွက်သွားလိုက်ပါမယ် ။ ကိုယ့်ကိုဂရုစိုက်အုံး အရမ်းနာနေရင်လည်းပြော ''

ကိုကိုဟာ သူ့ရဲ့နောက်ဆုံးစကားကြောင့် နားရွက်တွေနီရဲသွားတယ် ။ ဝမ်ရီပေါ်က သဘောကျစွာပြုံးကာ အခန်းထဲက​နေ ထွက်လာခဲ့တယ် ။ သူရဲ့ကိုကို့က အရမ်းကိုချစ်ဖို့ကောင်းတယ် ။

"ထျန်ဖုန်း မင်း ငါ့ကို ဘာပြောစရာရှိလို့ ရောက်လာတာလဲ? ''

ထျန်ဖုန်းက သူ့စီကို ထော့နဲ့ထော့နဲ့လျှောက်လာတဲ့ ရှောင်ကျန့်ကိုကြည့်ကာ တစ်ခုခုမှားနေသလိုခံစား​နေရတယ် ။ ရှောင်ကျန့်က ဘာဖြစ်နေတာလဲ? ။ ခြေထောက်ထိခိုက်ထားတာလား? ယေ

My Lovely Omega [ Completed ] Where stories live. Discover now