part. 9

31.1K 3.4K 22
                                    

" ရှောင်ကျန့် ငါ မင်းလုပ်နေတာတွေကို အားမပေးချင်တော့ဘူးနော် ။ ဟော်မုန်းတားဆေးတွေကို တစ်ခါသောက်ရင် ဘယ်လောက်​သောက်ရမလဲဆိုတာ ငါသေချာပြောထားတယ်မလား ။ ဘာလို့ အများကြီးသောက်နေရတာလဲ? ''

လျိုမင်က ရှောင်ကျန့်ကို ဒေါသတကြီးကြည့်ကာ ပြောလာတယ် ။ ရှောင်ကျန့်က အရမ်းခေါင်းမာလွန်းတယ် ။ သူရဲ့စကားကို ဘယ်တော့မှ နားမထောင်ဘူး ။ သန်မာချင်တယ်ဆိုတာကို နားလည်ပေးနိုင်​ပေမဲ့ ဒီလောက်အထိ လုပ်ဖို့တော့ မလိုအပ်ဘူးလေ ။ ဟော်မုန်းတားဆေးတွေက အရမ်းကို အန္တရာယ်များလွန်းတယ် ။ တစ်ခါတည်း အများကြီးမသောက်သင့်ဘူး ။

လျိုမင်းဟာ ရှောင်ကျန့်နဲ့စတွေ့ခဲ့တဲ့ အချိန်ကို ပြန်စဉ်းစားမိသွားတယ် ။ အဲ့ဒီအချိန်တုန်းက သူအရမ်းကို အံ့အားသင့်ခဲ့ရတာ ။ နောက်ထပ် ယောကျာ်းလေးအိုမီဂါ တစ်ယောက်တဲ့လေ ။ အဲ့ဒီနောက်မှာတော့ ရှောင်ကျန့်ကို အမှတ်အသားလုပ်ဖို့ ကြိုးစားနေတဲ့ အယ်ဖာကို ထိုနေရာမှာပဲ သတ်ပစ်ခဲ့တယ် ။ ဘာဖြစ်လို့လဲဆိုရင်ရှောင်ကျန့်ရဲ့ကြောက်ရွံနေတဲ့ ပုံလေးက သူ့ရဲ့အကိုကို ပြန်သတိရသွားစေလို့ပဲ ။ ရှောင်ကျန့်က သူရဲ့အကိုနဲ့ သိပ်ကိုတူလွန်းတယ် ။

လျိုမင်က အကိုဖြစ်သူရဲ့အကြောင်းကို စဉ်းစားမိသွားတာနဲ့ မျက်ရည်တွေ ဝဲတက်လာတယ် ။ သူရဲ့အကိုဟာ သူ့ကို ငယ်ငယ်လေးကတည်းက ဂရုတစိုက်နဲ့ စောင့်ရှောက်ပေးလာခဲ့တယ် ။ ဒါပေမဲ့ သူကတော့ အကိုဖြစ်သူကို ပြန်​ပြီးစောင့်ရှောက်ဖို့ အခွင့်အရေး​မရှိခဲ့ဘူး ။ သူ့ရဲ့အကိုဟာ သူ့ရဲ့မျက်စိအ​ရှေ့မှာပဲ သနားစရာကောင်းလောက်အောင် သေဆုံးသွားခဲ့တယ် ။

အဲ့ဒီအချိန်တုန်းက သူက အရမ်းကိုအားနည်းလွန်းတာမို့ သူ့ကိုယ်သူတောင် မကာကွယ်နိုင်ခဲ့ဘူး ။ အဲ့ဒီနောက်မှာတော့ နေရာပေါင်းစုံ လျှောက်သွားကာ ဆေးပညာကို သင်ယူခဲ့တယ် ။ သူရဲ့အိမ်မက်ဖြစ်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်လာဖို့ အစွမ်းကုန်ကြိုးစားခဲ့တယ် ။ ဘာ​ဖြစ်လို့လဲဆိုရင် သူက သူရဲ့အကိုကို သိပ်ကိုကူညီချင်ခဲ့လို့လေ ။ ဒါပေမဲ့ သူရဲ့အကိုကတော့ အဲ့တာတွေကို မမြင်နိုင်တော့ဘူး ။

လျိုမင်ဟာ အကိုဖြစ်သူကို မကူညီနိုင်ခဲ့ပေမဲ့ အကိုဖြစ်သူနဲ့ အဖြစ်ချင်းတူညီနေတဲ့ ရှောင်ကျန့်ကိုတော့ ကူညီပေးနိုင်ခဲ့တယ် ။ ဒါပေမဲ့ ရှောင်ကျန့်က သူရဲ့စကားကို နားမထောင်ပဲ ဆေးတွေကို သောက်သင့်တာထက် ပိုသောက်နေခဲ့တယ်လေ ။ သူက ဘယ်လိုလုက်ပြီး တည်ငြိမ်နေနိုင်မှာလဲ ။ ရှောင်ကျန့်ကို သူရဲ့အကိုလို ဖြစ်မသွားစေချင်ဘူး ။

My Lovely Omega [ Completed ] Where stories live. Discover now