Final

56.5K 3.6K 126
                                    

ရှောင်ကျန့်ဟာ ဒီနေ့မှာတော့ ထူးဆန်းစွာနဲ့ပဲ အစောကြီးနိုးနေမိတယ် ။ ပြန်အိပ်လို့ကလည်း မရတော့တာမို့ မနက်အစောကြီးထကာ ချက်ပြုတ်နေမိတယ် ။ အဲ့ဒီနောက် ရီပေါ်နဲ့ ထျန်ဖုန်းအတွက် အားဆေးပြင်ရင်း ပျော်ရွှင်နေတယ် ။ ရီပေါ်ကတော့ အစာမစားနိုင်လို့ ။ ထျန်ဖုန်းကတော့... အဟက်! ။

" ဝမ်လေး ကိုကို မင်းအတွက် အားဆေးကျိုပေးထားတယ် သောက်လိုက်အုံး ''

" ကိုကို မောင်မသောက်ချင်ဘူး အဲ့တာကြီးသောက်လိုက်ရင် ပြန်အန်ထွက်လိမ့်မယ် ''

" လိမ္မာပါတယ်ကွာ သောက်လိုက်နော် သောက်ပြီးသွားရင် ညကျဆုချမယ် ''

ဝမ်ရီပေါ်က ဆေးခါးကြီးကို လုံးဝမသောက်ချင်ဘူး ။ သူက အဲ့ဒီဆေးရဲ့အနံ့ကြီးကို အရမ်းမုန်းတယ် ။ ဒါပေမဲ့ ဆုပေးမယ်ဆိုလာတဲ့ ကိုကိုကြောင့် နှာခေါင်းပိတ်ကာ သောက်ပစ်လိုက်တယ် ။ ပြန်အန်ထွက်ချင်လာတာမို့ စိတ်ကိုလည်း မနည်းတင်းထားရတယ် ။ မဟုတ်ရင် ကိုကိုက သူ့ကို နောက်တစ်ပန်းကန် ထပ်တိုက်လာလိမ့်မယ် ။

အဲ့ဒီနောက်မှာတော့ သူတို့စီလာနေတဲ့ ထျန်ဖုန်းနဲ့ ရန်စစ်ကို သတိထားမိသွားတယ် ။ ထျန်ဖုန်းရဲ့ပုံစံက မှိုရထားသလိုမျိုးဖြစ်နေခဲ့ပြီး ရန်စစ်ကတော့ မြှားကုန်နေတဲ့ လေးသမားတစ်ယောက်လို ဖြစ်နေခဲ့တယ် ။

" ထန်ဖုန်း ရန်စစ် လာ ဒီမှာထိုင်  ငါ မင်းတို့အတွက်ပါ ပြင်ပေးထားတယ် ''

" ကျေးဇူးပါ ခေါင်းဆောင် ''

" ထန်ဖုန်း ငါ မင်းအတွက် အားဆေးကြိုပေးထားတယ် သောက်လိုက်အုံး ''

" ဆေး? ဘာလို့လဲ ? ''

" မင်းတို့ညက... အဟမ့်! ဘာမှမဟုတ်ဘူး သောက်ဖြစ်အောင်သောက်လိုက် ''

ထျန်ဖုန်းဟာ နားမလည်နိုင်ဖြစ်လို့နေတယ် ။ ဆေး? သူက ဘာဖြစ်လို့ဆေး​သောက်ရမှာလဲ? ။ ရန်စစ်ကတော့ မျက်နှာကြီးရှုံ့မဲ့နေခဲ့ပြီ ။ ထျန်းဖုန်းကို အလိုမလိုက်ခဲ့သင့်ဘူး ။ တစ်ကြိမ်လေးတောင် ခွင့်မပြုပေးခဲ့သင့်ဘူး ။ အခုတော့ သူ့မှာ ထိုင်တောင်မထိုင်နိုင်တော့ဘူး ။ ဒါပေမဲ့ သူရဲ့အခြေအနေက ထျန်ဖုန်းထက်စာရင် ကောင်းတယ်လို့ပြောလို့ရတယ် ။ ထျန်းဖုန်းရဲ့အလှည့်တုန်းကဆိုရင် ထိုင်ဖို့မပြောနဲ့ လမ်းတောင် လျှောက်နိုင်တာမဟုတ်ဘူး ။ သူ့ထက်စာရင် ထျန်ဖုန်းကမှ ထိန်းချုပ်နိုင်သေးတယ် ။

My Lovely Omega [ Completed ] Where stories live. Discover now