part. 31

24.3K 2.6K 48
                                    

တစ်ပတ်လောက် အနားယူပြီးတဲ့အချိန်မှာတော့ အရာအားလုံးက ပုံမှန်အတိုင်းပြန်ဖြစ်လာခဲ့တယ် ။ စားချင်တာတွေလည်း ပြန်စားလို့ရသွားတာကြောင့် ရှောင်ကျန့်က ပျော်ရွှင်နေတယ် ။ ဒါပေမဲ့ သူ့ရဲ့အပျော်တွေက ကြာကြာမခံခဲ့ပေ ။ ကျီလျုံဆိုတဲ့လူဟာ သူတို့တွေကို ညစာစားပွဲကို လာခဲ့ရမယ်ဆိုတာကြောင့် စိတ်ညစ်နေရတယ် ။ သူက အဲ့ဒီလူကို မမြင်ချင်ဘူး ။ အဲ့ဒီလူရဲ့မျက်နှာကိုမြင်တာနဲ့ အလိုလိုဒေါသတွေထွက်လာပြီး ထသတ်ချင်နေတာ ။ ပြသာနာဖြစ်မှာဆိုးလို့သာ ကိုယ့်စိတ်ကိုမနည်းထိန်းနေရတယ် ။

ဒါပေမဲ့ မသွားလို့ကလည်းမဖြစ်ပြန် ။ ဒီဂြိုလ်ကိုရောက်နေတာ ဒီနေ့နဲ့ဆိုရင် တစ်ပတ်ကျော်ကြာသွားခဲ့ပြီ ။ ဒါပေမဲ့ အခုအချိန်အထိ ဘာမှမလုပ်ရသေးဘူး ။ တပ်သားတွေကလည်း ပျင်းလာကြတာမို့ မေးခွန်းထုတ်လာပြီ ။ ရေနံကြောကိုရှာတွေ့တာမို့ ကြာနေတာပါဆိုတော့မှ ကျေကျေနပ်နပ်လက်ခံသွားကြတာ ။ ရေနံကြောက တစ်ခြားနိုင်ငံတွေအတွက်တော့ လွန်စွာအရေးပါတယ် ။

ရှောင်ကျန့်က ထျန်ဖုန်းနဲ့အတူ အဲ့ဒီညစာစားပွဲကို တက်ရောက်ခဲ့တယ် ။ ဒါ​ပေမဲ့ သူ့အတွက် ပြင်ပထျားတဲ့နေရာကို တွေ့သွားတဲ့အခါမှာတော့ မျက်မှောင်ကျုံမိတယ် ။ ထန်ဖုန်းနဲ့ သူ့ရဲ့နေရာက တောင်နဲ့မြောက်လိုဖြစ်နေခဲ့ပြီး သူ့ရဲ့ထိုင်ခုံကလည်း ကျီလျုံဆိုတဲ့လူရဲ့အနားမှာ ဖြစ်နေတယ် ။

" ကျွန်တော်ဖိတ်ကြားတာကို အခုလိုမျိုး လက်ခံခဲ့တဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ် ''

ကျီလျုံဟာ တက်ရောက်လာကြတဲ့လူတွေကို ဖော်​ရွှေစွာပြောလိုက်တယ် ။ ညစာစားပွဲဆိုတာကလည်း သူ့ရဲ့အစီအစဉ်​တွေထဲက တစ်စိတ်တစ်ပိုင်းသာ ဖြစ်တယ် ။ အဲ့ဒီနောက် သူ့ရဲ့ဘေးမှာထိုင်​နေတဲ့ ရှောင်ကျန့်ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်တယ် ။ အရင်ပြိုင်ပွဲမှာတုန်းက ဒေါသထွက်နေတာမို့ ရှောင်ကျန့်ရဲ့မျက်နှာကို သေချာမကြည့်ခဲ့ရဘူး ။ ရှောင်ကျန့်ရဲ့မျက်နှာလေးက အယ်ဖာတွေလိုမဟုတ်ပဲ လှပမှုတွေနဲ့ပြည့်စုံနေကာ မျက်လုံးလှလှလေး​တွေကလည်း တစ်ဖက်သားကို အလွန်စွဲဆောင်နေတယ် ။

My Lovely Omega [ Completed ] Where stories live. Discover now