part. 25

27.3K 2.9K 29
                                    

ရန်စစ်ဟာ ဒုတိယပွဲစဉ်စတဲ့အချိန်မှာတော့ သူ့အတွက် သတ်မှတ်ပေးထားတဲ့ပြိုင်ဘက်ကို သေချာအကဲခတ်နေခဲ့တယ် ။ တစ်ချိန်တည်းမှာပဲ အန္တာရာယ်အငွေ့အသက်ကိုလည်း ခံစားမိသွားခဲ့တယ် ။ သူ့ရဲ့ပြိုင်ဘက်က သူ့ထက်လုံးဝသာနေတယ် ။ သူက ခေါင်းဆောင်ပြောချင်တဲ့စကားကို အခုအချိန်မှာတော့ လုံးဝသဘောပေါက်သွား​​ပြီ​​ဖြစ်တယ် ။ ဖာခ့်! အယုတ်တမာကောင်တွေ ။

ဒါပေမဲ့ ဒီအတိုင်းကြီးတော့ အရှုံးမပေးချင်ဘူး ။ အနည်းဆုံးတော့ တစ်ဖက်ရန်သူကို သူတို့ရဲ့နိုင်ငံက အလွယ်တကူ အနိုင်ကျင့်လို့မရဘူးဆိုတာ ပြချင်​နေသေးတယ် ။ အလွန်ဆုံးရှိမှ လက်ကျိုး၊ ခြေကျိုးရုံလောက်ပေါ့ ။ ဘာဖြစ်လို့လဲဆိုရင် ပြိုင်ပွဲမှာက သတ်ဖြတ်တာတွေကို တား​​မြစ်ထားတယ် ။ ဒါပေမဲ့ ရန်စစ်မသိခဲ့တာကတော့ တဖက်လူဟာ သူကိုအသေသတ်ဖို့ အမိန့်ရထားတယ်ဆိုတာကိုပဲ ။ ပြီးတော့ အဲ့ဒီလူကလည်း အဆင့်သတ်မှတ်ချက် တစ်ဆယ်အထဲမှာရှိတဲ့ ဇန်ဇီနိုင်ငံရဲ့လက်ရွေးစင်တွေနဲ့ ခွန်းအားချင်းတူညီနေတယ် ။

ပြိုင်ပွဲစတင်​ပြီဆိုတာနဲ့ တစ်ဖက်လူဟာ သူရဲ့​သေကွင်းသေကွက်တွေကိုပဲ ဦးတည်ကာတိုက်ခိုက်လာတယ် ။ အဲ့ဒီလူက သူရဲ့ကန်ချက်တွေတောင်မမူပဲ သူ့ကိုပဲမဲကာ တိုက်ခိုက်နေတာဖြစ်တယ် ။ ရန်စစ်က တုံးအတဲ့လူမဟုတ်ဘူး ။ အဲ့တာကြောင့် အဲ့ဒီလူက ဘာလိုချင်​နေလဲဆိုတာကို ကျိန်းသေသိတယ် ။ တကယ်လို့သူသာ ဒီနေရာမှာသေသွားရင် သူရဲ့တိုင်းပြည်မှာ နောက်တက်မဲ့ဘုရင်က တော်ဝင်မျိုးနွယ်ထဲက ရှိမှာမဟုတ်တော့ဘူး ။ ဒါက ရန်နိုင်ငံအတွက် သတင်းဆိုးဖြစ်တယ် ။

ရန်နိုင်ငံရဲ့ဘုရင်မှာ မိဖုရားတစ်ပါးသာရှိပြီး အဲ့ဒီမိဖုရားကလည်း သားတော်လေးတစ်ပါးပဲ မွေးဖွားနိုင်ခဲ့တယ် ။ အဲ့တာကြောင့် သူသေသွားလို့မဖြစ်ဘူး ။ အရှုံးပေးလိုက်ပေမဲ့ တစ်ဖက်လူကတော့ ရပ်တန့်မသွားခြင်းမရှိ ။ ခွန်အားအပြည့်နဲ့တောင် ထပ်မံတိုက်လိုက်လာတယ် ။ ရန်စစ်ဟာ ဘယ်ဘက်နံရိုးက ကျိုးသွားတာကြောင့် နာကျင်စွာအော်ဟစ်မိတယ် ။ သူရဲ့တစ်ကိုယ်လုံးကလည်း ကန်ကျောက်ခံထားရတဲ့အတွက် လှုပ်လို့ပင်မရတော့ချေ ။ သတိလစ်မသွားအောင်လို့ မနည်းထိန်းနေရတယ် ။

My Lovely Omega [ Completed ] Where stories live. Discover now