part. 24

27.3K 2.8K 23
                                    

ရန်စစ်က သူ့ရဲ့နာမည်ကို ခေါ်လိုက်တဲ့အခါမှာတော့ ဝမ်းသာလုံးဆို့သွားခဲ့တယ် ။ နောက်ဆုံးတော့ မာန်တက်နေတဲ့ အဲ့ဒီအကောင်တွေရဲ့မျက်နှာကို ဖြတ်ရိုက်နိုင်ပြီ ။ သူတို့နိုင်ငံကလူတွေကို ရာရရာစစအနိုင်ကျင့်ရဲတယ် ။

" ရန်နိုင်ငံကကောင်တွေက ပြောသလောက်လည်း မဟုတ်​ကြပါလား ။ တစ်ချက်လောက်ရိုက်မိတာနဲ့ ​မှောက်ကုန်ကြတယ်ဆိုတော့လေ အဟက်! "

ရန်စစ်ဟာ တစ်ဖက်လူရဲ့စကားကြောင့် လက်တွေကို သွေးထွက်မတက် ဆုပ်ကိုင်မိသွားတယ် ။ သူ့နိုင်ငံကလူတွေကို သူရဲ့အ​ရှေ့မှာ စော်ကားရဲတဲ့သတ္တိက နည်းနည်းနောနောမဟုတ်ဘူးပဲ ။

" ရန်စစ် ဟုတ်တယ်မလား? မင်းလည်း ငါတစ်ချက်ကန်ရုံနဲ့ မှောက်ကျမသွားပါဘူးနော်? "

ပြိုင်ပွဲစတင်ပြီဆိုတာနဲ့ ရန်စစ်က တစ်ဖက်လူကို လုံးဝမညှာဖို့ဆုံးဖြတ်ထားတယ် ။ ခေါင်းဆောင်ပြောထားတဲ့ ပြသာနာမရှာနဲ့ဆိုတာကလည်း သူ့ရဲ့ခေါင်းထဲမှာမရှိတော့ဘူး ။ သူအခုလုပ်ချင်တာဆိုလို့ သူ့အရှေ့ကကောင်ရဲ့မျက်ခွပ်ကို စုတ်ပြတ်သတ်သွားတဲ့အထိ ထိုးပစ်ဖို့ပဲ ။

အဲ့ဒီအချိန်မှာပဲ တစ်ဖက်ကလူဟာ သူ့စီကို အရှိန်ပြင်းပြင်းနဲ့ တိုက်ခိုက်လာတယ် ။ ရန်စစ်က အဲ့ဒီတိုက်ခိုက်မှုကို မခုခံခဲ့ဘူး ။ သူက တစ်ဖက်လူရဲ့လက်သီးကို တမင်ခံယူလိုက်တယ် ။ အဲ့ဒီနောက် အဲ့ဒီကောင်ရဲ့ဘယ်ဘက်ခြေထောက်ကိုဆွဲယူကာ မြေပြင်နဲ့ရိုက်ချပစ်လိုက်တယ် ။

" ဟက်! တစ်ချက်ပဲရှိသေးတယ် ပြန်မထိနိုင်တော့ဘူးလား ? ။ ငါ့အမြင်မှာတော့ မင်းက ဖင်ခေါင်းသိပ်ကျယ်လွန်းတယ်ဆိုတာပဲ ''

ရန်စစ်ဟာ ဒေါသမပြေသေးတာမို့ တစ်ဖက်လူရဲ့ဝမ်းဗိုက်ကို ဒူးနဲ့ထပ်တိုက်ချလိုက်တယ် ။

'' ခွေးကောင် ငါ မင်းကိုသတ်မယ်!! ''

တစ်ဖက်လူက သွေးပွက်ပွက်အန်ကာ သူ့ကို ဒေါသတကြီးဆဲဆိုလာတယ် ။ အဲ့တာကြောင့်မို့ လှောင်ပြောင်ရယ်မောပစ်လိုက်တယ် ။

" ငါလည်း မင်းလာသတ်မဲ့အချိန်ကို စောင့်နေတယ် ''

အဲ့ဒီနောက် တစ်ဖက်လူရဲ့မျက်နှာကို ထပ်ပြီးတော့ ဘယ်ပြန်ညာပြန်ရိုက်ချပစ်လိုက်တယ် ။ နောက်ဆုံးမှာတော့ တစ်ဖက်လူက သူ့ကိုကြောက်လန့်ကာ အရှုံးပေးလာတယ် ။

My Lovely Omega [ Completed ] Where stories live. Discover now