part. 21

37.8K 3.7K 104
                                    

တဖြည်းဖြည်းပျောက်ကွယ်တော့မဲ့ ကိုကိုရဲ့ပုံရိပ်လေးကြောင့် စိုးရိမ်တ​ကြီး​အော်ခေါ်နေပေမဲ့ ကိုကိုကတော့ သူ့ကိုပြုံးပြုံးလေးသာ စိုက်ကြည့်နေတယ် ။ ဝမ်ရီပေါ်က အသက်ရှူရခက်ခဲလာပြီး မျက်လုံးတွေပွင့်လာတယ် ။ အိပ်မက်ဖြစ်နေတယ်ဆိုမှပဲ သက်ပြင်းကောင်းကောင်းချနိုင်သွားတော့တယ် ။

ညက အဖြစ်အပျက်တွေကလည်း စိတ်ထဲမှာ အစဉ်အတိုင်းပြန်ပေါ်လာခဲ့တယ် ။ မနေ့ညက စိတ်တွေလွတ်ထွက်သွားပြီး ကိုကို့ကို မညှာမတာလုပ်မိခဲ့တယ် ။ ဝမ်ရီပေါ်က မွေ့ယာပေါ်က ရဲရဲနီနေတဲ့သွေးတွေကိုကြည့်ပြီး ပျော့ခွေသွားသလိုခံစားလိုက်ရတယ် ။ သူ့ရဲ့ကိုကို ။

ရေချိုးခန်းထဲက ရေကျသံတွေကြောင့် ကိုကိုအတွက်စိတ်ပူသွားတာမို့ တံခါးကိုဖျက်ကာ ဝင်လာခဲ့တယ်။ ခရမ်းပုတ်ရောင်အမှတ်တွေနဲ့ သွေးစို့နေတဲ့ကိုက်ရာတွေက ကိုကိုရဲ့ဖွေးစွတ်နေတဲ့ခန္ဓာကိုယ်ပေါ်မှာ ကြောက်စရာကောင်းလောက်အောင် နေရာယူထားကြတယ် ။ ဝမ်ရီပေါ်က တုန်လှုပ်သွားတာမို့ ကြမ်းပြင်ပေါ်လဲကျသွားခဲ့တယ် ။ သူဘယ်လောက်တောင် ကိုကို့ကို လူမဆန်စွာပြုမူခဲ့တာလဲ ။

ကိုကိုကတော့ ငိုပြီးတောင်းပန်နေတဲ့သူ့ကို သနားတဲ့အကြည့်တွေနဲ့ စိုက်ကြည့်​နေတယ် ။ မကြည့်ပါနဲ့!! မကြည့်ပါနဲ့ကိုကိုရယ် ။ ဒီကောင်က ကိုကိုသနားဖို့ထိုက်တန်တဲ့ကောင် မဟုတ်လို့ပါ ။ ဝမ်ရီပေါ်က စိတ်ထဲကနေအော်ဟစ်ကာ ကိုယ့်ကိုအပြစ်တင်နေမိတယ် ။ ဒါပေမဲ့လက်တွေ့မှာတော့ သူကိုနှစ်သိမ့်ပေးနေတဲ့ ကိုကိုသာ ငေးကြည့်နေခဲ့တာဖြစ်တယ် ။

" မင်းမှာအပြစ်မရှိပါဘူး ဝမ်လေးရယ် ကိုကိုကသာ မင်းကို ဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့တရားခံပါ ''

" ကိုကို ကျွန်တော် ကိုကို့ကိုချစ်တယ် ညီအကိုလိုမျိုးမဟုတ်ဘူး ''

"............''

" ကိုကို့ကို ကျွန်တော်ရဲ့အကိုအရင်းအဖြစ် တစ်ခဏလေးတောင် မသတ်မှတ်ထားခဲ့ဘူး ။ ကျွန်တော်က ဟိုအရင်ကတည်းက ကိုကိုနဲ့ဒီလိုတွေလုပ်ချင်ခဲ့တာ ''

".............''

" ကျွန်တော်က ကိုကိုထင်နေသလိုမျိုး အားနည်းတဲ့က​​လေးလေး မဟုတ်ခဲ့ဘူး ။ ကိုကိုရဲ့အနားမှာနေချင်လို့် တမင်ညာဏ်ဆင်ထားခဲ့တာ ''

My Lovely Omega [ Completed ] Where stories live. Discover now