ကြောက်ဖို့ကောင်းလိုက်တာ

22.7K 877 49
                                    

' ဖား...ဖားလေးဒီအိမ်ထဲကနေ ထွက်သွားလို့မရဘူးလားဟင်....'

' မ..မရဘူး..ဘူး...ဒီအိမ်မှာပဲ...နေ​...နေရ..ရမှာ...'

' ကျွန်..ကျွန်တော်ပထမ mission မှာပဲ..ရှုံးမှာတော့..မဟုတ်..ပါ..ပါဘူးနော်....'

' ငါလည်း...သိ..သိဘူးလေ...'

' အခု...ဘယ်လိုလုပ့်...ကြမလဲ..သူ့ရုပ့်က...ကြောက်ဖို့ကောင်းတယ်....'

' host..တစ်ယောက်ထဲ... ကြောက်..ကြောက်နေတာမ..မဟုတ်ဘူး...ကျွန်တော်လည်း...ကြောက်..ကြောက်တယ်...ဝါးစား...ချင်တဲ့...ရုပ့်ကြီးနဲ့....'

' အေး....ဟုတ်တယ်....ဘာ...ဘာလုပ့်သင့်လည်း..အခု...'

အိပ့်ခန်းတစ်ခန်းလေးထဲတွင် မတ်တပ်ရပ်ပြီး ကြောက်ဒူးတုန်နေတဲ့ ကလေးတစ်ယောက်ရှိသလို ထိုကလေးရဲ့ဘေးနားမှာလည်း ကြောက်ဒူးတုန်နေတဲ့ ဖားလေးတစ်ကောင်လည်း ရှိတယ်....ထိုဖားလေးဟာ အိကျီအစိမ်းရောင်ကို ဝတ်ဆင်ထားလေသည်။

ထိုဖားလေးနဲ့ ကလေးလေးရှေ့မှာ အနောက်တိုင်းဝတ်စုံ အမဲရောင်ကို ဝတ်ဆင်ထားသော လူကြီးနှစ်ယောက်ရှိသည်။
ထိုလူကြီးနှစ်ယောက်ထဲက အရှေ့ကတစ်ယောက်ဟာ ချောမောခန့်ညားလှတဲ့ မျက်နှာအစိတ်အပိုင်း တစ်ခုဆီကို ပိုင်ဆိုင်ထားသည်။

သိမ်းငှက်တစ်ကောင်လို စူးရှလှတဲ့ မျက်ဝန်းတစ်စုံရှိသလို မျက်တောင်လေးကမူ ကော့စင်းလှတယ်..နှာတံလေးဟာလည်း ချွန်တယ်..နှခမ်းကလည်း အရယ်အပြုံးမရှိမှန်း သိသာလှတယ်..မျဥ်းဖြောင့်တစ်ကြောင်းလို ဖြောက်တန်းလှသည်။

အသားအရေဟာလည်း ဖြူဖွေးလှသည်။ထိုသူရဲ့ ဘေးပတ်လည်အရှိန်အဝါဟာလည်းတောက်ပစွာတည်ရှိသည်။ လူတိုင်းကိုဖိတ်ဖိတ်တုန်အောင် ကြောက်ရွံမူ့ကိုပေးနိုင်သည်။ ထိုသူဟာအရှေ့ကငိုနေတဲ့ ကလေးကိုကြည့်ပြီး မျက်မှောက်တစ်ချက်ကျုပ့်ကာ...

" ငါမင်းကိုမေးနေတယ်လေ....ဒီတစ်ခါလည်းစာမေးပွဲကို ကျအောင်ဘာလို့ဖြေရတာလည်း....အနေတာလား မေးတာပြန်ဖြေလေ..."

" ကျွန်....ကျွန်တော် ကတိပေးတယ်...နောက်တစ်...တစ်ခါကြရင်...အောင်..အောင်ဖြေပါမယ်..."

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now