☃️Part 23☃️

24.9K 2.5K 264
                                    

ရှင်းလျှန်တစ်​ယောက်ဒီ​​နေ့မနက်တွင်​တော့စော​စောထကာပြင်ဆင်​နေ​လေသည်။​ရေမိုးချိုး ပြင်ဆင်ရင်း သီချင်း​လေးတငြီးငြီးနဲ့ သူ့မျက်နှာဟာလည်းပြုံးလို့​ပေါ့။မ​နေ့ညထဲကနားထဲကမထွက်တဲ့စကား​လေးနှစ်ခွန်းဟာ ခုချိန်ထိကိုတဝဲလည်လည်ရယ်

"အိမ်ပြန်ရင်ကြည်ကြည်နူးနူးပြန်။မင်းအတွက်ငါရှိ​နေတယ် ဆိုတဲ့အ​တွေး​လေးနဲ့"  ဆိုတဲ့စိုင်း​မော်ရှန်းရဲ့ထိုစကား​လေးနှစ်ခွန်းဟာရှင်းလျှန်၏နားထဲတွင်တစ်ညလုံးပဲ့တင်ထပ်လို့ အပြုံးတို့ကိုစွမ်း​ဆောင်​ပေး​နေပါ၏။ရှင်းလျှန်ဆို​​သောထိုလူသား​လေး၏ဘဝတွင် ဘယ်အရာကမှသူ့အပိုင်ဟူ၍မဖြစ်တည်ခဲ့တာ​ကြောင့် ထိုစကား​လေး၂ခွန်းဟာသူ့အတွက်သိပ်ကို​ကျေနပ်စရာ​ကောင်း​နေမှာအမှန်ပင်။ပြင်ဆင်လို့အပြီးနာရီကိုငုံ့ကြည့်လိုက်​တော့ ၇နာရီသာရှိ​သေးသည်။စာသင်ချိန်က၁၁နာရီမှစတာမို့ ၁၀နာရီ​လောက်မှစိုင်း​မော်ရှန်းကိုသွား​ခေါ်ရမည်ဆို​သော်လည်း စိတ်အစဥ်တို့ကမ​စောင့်နိုင်​တော့။စကား​လေး၂ခွန်းရဲ့ပဲ့တင်သံဟာထိုလူသားရှိရာဆီသို့သံလိုက်သဖွယ် ဆွဲ​​ခေါ်နေ​လေသည်။သူ့အတွက်​ပျော်ရွှင်ခြင်း၊သူ့အတွက်ချစ်ခြင်း၊သူ့တစ်​ယောက်ထဲအတွက်ဖြစ်တည်ခြင်းဆိုတဲ့အရာ​​လေးကိုသူစတင်ရှာ​ဖွေချင်မိပြီ။ ဤအရာ​တွေအကုန်လုံးဟာလူတစ်​ယောက်ရဲ့စကား​လေးနှစ်ခွန်းမှအစပြုခဲ့သည်။ထို့​ကြောင့်ထိုလူကိုသူ​တွေ့ချင်လှပါပြီ။

၇နာရီသာရှိ​သေး​သော်လည်း ကား​သော့​လေးဆွဲကာ စိုင်း​​မော်ရှန်း၏အိမ်ဘက်သို့​ခြေဦးလှည့်ခဲ့သည်။ရှင်းလျှန်အိမ်ကထွက်လာချိန်တွင်​တော့ ​မောင်တစ်​​ယောက်က​တော့​ခေတ်ရင်ခွင်ထဲဝယ်ကိုယ်လုံးကြီးတိုးဝင်ကာ​ကွေး​လို့​ပေါ့။

"​မောင်..​ဟေ့​မောင်!"

​ခေတ်ကသူ့အားအတင်းအကျပ်ဖက်ထား​သော​မောင့်လက်​တွေထဲက​နေရုန်းရင်း​မောင့်ကိုလည်းလှုပ်နှိုး​နေ​တော့ ဘုန်းမာန်ပြည့်​မောင်ဆို​သောထိုလူသားရဲ့အိပ်ချင်မူးတူးနဲ့ထူးသံ​လေးကထွက်လာ​​လေသည်။

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now