"ဝှား...မိုက်ကရောကွာ"
"ဝှား....ဒါကြီးကိုလဲကြည့်စမ်းကွ ဒီလောက်ခါရမ်းနေတာတောင်လူတွေပြုတ်မကျကုန်ဘူးဗျား ဟားဟား"
ဒီအသံကတော့ ပြည်သူ့ရင်ပြင်ထဲတွင်ရောက်ရှိနေကြသောမိသားစု၅ယောက်ထဲမှ အတက်ကြွဆုံးသောအမောင်ခေတ်ရဲ့အသံတွေပင်။
"မောင် ဟိုဟာကြီးစီးရအောင်ဗျား ဟားဟား အယ့်တာကြီးနဲ့သာဆိုငါတို့တော့အကုန်ရွှဲကုန်မှာဗျား"
သူ့ဟာသူပြောကာသဘောတွေကျလျှက် မိချောင်းလို့ခေါ်ကြသော ရေလွှာလျှောရှိရာဆီသို့ မောင့်လက်ကိုဆွဲ၍ရှေးရှုသွားလေသောခေတ်
ဒေါ်မေမိုးပြည့်ကိုယ်တိုင်ဆင်ယင်ပေးထားသောဒူးအောက်ဘောင်းဘီပွပွလေးကိုအောက်အနားသပ်ကအစည်းလေးနဲ့အပေါ်ကတီရှပ်ဗြောင်လေးကိုဘောင်းဘီထဲထည့်ကာ ခပ်ပွပွလေးနှင့် လုံးတုံးလုံးတုံးချစ်ဖို့ကောင်းနေသောခေတ်ရယ်ပါလေ ကောက်တိကောက်ကွေးဆံပင်လေးတွေကပဲခေတ်ကိုကြည့်ကောင်းစေတာလား သူရယ်ရင် လိုက်ရယ်တက်တဲ့လခြမ်းပုံမျက်လုံးလေးတွေကပဲ ဆွဲဆောင်မှုရှိစေတာလားလေ ထိုအညာသားလေးဟာ အသားလေးကတော့အညာသားပီပီညိုပေမယ့် သူ့ဇာတိကိုသာမသိဘူးဆို တကယ်ကိုမြို့ကြီးသားလေးလို။
"ရှင်းလျှန်လေး လာကွ ဦးရောပဲဗျား"
လက်မှတ်ဖြတ်ရန်သွားနေရင်း နောက်မှာတောင့်တောင့်ကြီးတွေရပ်နေသော ရှင်းလျှန်နှင့်ဦးသီဟမောင်ကိုလည်းလှည့်ခေါ်နေသေးသည်
"ခေတ် သူတို့ကိုဘာလို့ခေါ်မှာလဲ နှစ်ယောက်ထဲစီးမယ်လေဗျာ"
"အို တူတူစီးရမှာပေါ့ကွ ဟိုမှာကြည့်ပါလား မိချောင်းတစ်ကောင်ကိုလူ၄ယောက်တောင်စီးရတာဗျား ငါတို့လည်း၄ယောက်စီးရအောင်ပါကွာ နော်"
ခေတ်နှင့်မောင်တို့လက်မှတ်ဖြတ်သည့်နားတွင်ကြိတ်ကြိတ်ကြိတ်ကြိတ်နှင့်ပြောနေကြသလို သူတို့နှင့်မလှမ်းမကမ်းတွင်လည်းဦးသီဟမောင်တစ်ယောက်မိန်းမဖြစ်သူကို နားပူနေလေသည်။
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)