Part 26

21.9K 2.3K 110
                                    

မှိန်ပြပြမီး​ရောင်ဝါကျဥ့်ကျဥ့်​လေး​သာရှိ​သောအခန်း​လေးတစ်ခု တစ်နည်းအားဖြင့်​​မောင်နှင့်​ခေတ်တို့၏ရိပ်မြုံ​လေး​ပေါ့

ထိုအခန်း​လေးထဲဝယ် ခံစားချက်​တွေကိုပူပူ​လော​လောဝန်ခံထားတဲ့​ကောင်​လေးရယ် အရှက်သည်း​နေ​သော​ကောင်​လေးရယ်ဟာ မျက်နှာချင်းမဆိုင်ရဲကြစွာ ကုတင်​လေးထက်လဲ​လျောင်း​နေကြ​လေရဲ့။​မောင်က​သူ့အား​ကျော​ပေးထား​သောခေတ်ကိုယ်​ လုံးလုံး​တုတ်တုတ်​လေးအား​နောက်မှသိုင်းဖက်ကာ ပုခုံးကြား​လေးထဲ​မေး​လေးတင်မှီထားရင်း အိပ်ရန်ပြင်​နေကြ​လေသည်။

"​ခေတ် "

"ဟင်"

"ရှက်​​​နေ​သေးတာလား"

"မဟုတ်ပါဘူးဗျား"

"ဒါဆိုဘာလို့ကျွန်​တော့်ဘက်မလှည့်တာလဲ"

"ဒီတိုင်းပါပဲ ​မောင်ကငါ့ကိုအတင်းချုပ်ဖက်ထားတာကိုး"

​ခေတ်က​မောင့်လက်​လေးအားလက်ဖြင့်တို့ကာ​တွန်းကာနှင့်ပြော​တော့​မောင်ကခပ်တိုးတိုးရယ်​လေသည်။တကယ်ကသူဖက်ထားတာဖွဖွလေးရယ်ပါ။​ခေတ်တစ်​​ယောက်အရှက်သည်း​နေခြင်းသာ။

"​ဟုတ်ပါပြီဗျာ ဒါဆိုအိပ်မ​ပျော်​သေးရင်
ကျွန်​တော်​ပြောတာ​တွေနား​ထောင်မလား"

"အင်း"

"ကျွန်​​တော်တကယ်​တော့​ဖေ​​ဖေ့တို့ကိုနားလည်​ပေးဖို့ကြိုးစားခဲ့ဖူးတယ်သိလား။ကျွန်​​တော်နဲ့​မေ​မေ့ကိုကွဲ​အောင်လုပ်ခဲ့တဲ့ ရှင်းလျှန်တို့သားအမိကိုတကယ်သ​​ဘောမကျတာမှန်တယ်။ဒါ​ပေမဲ့မမုန်းခဲ့ဖူးဘူးသိလား။ကျွန်​တော်နားလည်​ပေးဖို့လည်းကြိုးစားဖူးတယ်။ဒါ​ပေမဲ့​ ​ခေတ်သိလား သူတို့ကိုနားလည်​ပေးဖို့သူတို့နဲ့နီးစပ်​စေဖို့ကြားထဲမှာ​မေ့လို့မရတဲ့မဖြစ်အပျက်တစ်ခုကခံ​နေတယ်။"

​မောင်ကစကားလည်း​ပြောရင်းငြိမ်ကာနား​ထောင်​နေ​​သော​ခေတ်ကိုယ်လုံး​လေးကိုလည်းပိုတိုး၍ဖက်လိုက်​သေးသည်။

"အယ့်တုန်းက​လေ ကျွန်​​တော်နဲ့ရှင်းလျှန်တို့​ကျောင်းကပြန်​တော့ ဖမ်း​ခေါ်ခံရတာ။​ဖေ​ဖေ့ရဲ့အလုပ်ကလူလာကြိုတာဆိုပြီး ​ခေါ်သွားခဲ့တာ။တကယ်ကကျွန်​တော်တို့ကိုပြန်​​ပေးဆွဲကြတာ။အယ့်တုန်းက​ပေါ့ ဖမ်းတဲ့လူကြီးက​​ဖေ​ဖေတို့ကိုဖုန်းဆက်ပြီးပြောတယ် ခဗျားသားနှစ်​ယောက်ကိုလိုချင်ရင်တစ်​ယောက်ကိုသိန်းတစ်​ထောင်နဲ့​​ရွေးပါတဲ့။ ​ခေတ်စဥ်းစားကြည့် သိန်းတစ်​ထောင်ဆိုတာနဲတဲ့ပမာဏမှမဟုတ်တာ။နှစ်​ယောက်ဆိုနှစ်​ထောင်​ပေါ့။အယ့်လူကြီးကဘာဆက်​ပြောလဲသိလား နှစ်​ယောက်လုံးမ​ရွေးနိုင်ရင်တစ်​ယောက်ကိုအရင်​ရွေးတဲ့။​နောက်တစ်​ယောက်ကို​တော့သူတို့ဆီမှာ​ငွေရတဲ့အထိထား​ပေါ့တဲ့။ဘယ်​လောက်​တောင်အဓိပ္ပါယ်မရှိလိုက်လဲ။"

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now