🍭Extra🍭

27.3K 1.7K 233
                                    

"​ခေတ် ​ရော့ဒါဝတ်"

"ဘူးလေးက ဒါဝတ်။ ​ဖေကြီးနဲ့ဆင်တူ​အောင် ​​နော်"

​မောင်တစ်​ယောက်တည်း ဗီရိုနားတွင် အဝတ်​တွေကို ထုတ်လိုက်သွတ်လိုက်နှင့်အလုပ်ရှုပ်​နေခဲ့သည်။ ဒီ​နေ့ ချစ်ရ​​သော​ခေတ်​ခေတ်နှင့် အဘူး​ပေါက်တို့ကို အလုပ်​ခေါ်သွားမည်မို့ သင့်တင့်​သော အ​နောက်တိုင်းဝတ်စုံ​လေး​တွေ​ရွေး​ပေး​နေခြင်းပင်။

​သူ့အတွက်က​တော့ ဖြူ​သော အသားအရည်နှင့်လိုက်ဖက်​အောင် မိုးပြာ​ရောင်Suitကို​ထုတ်ထားပြီး ​ဘူဘူးကိုလည်း သူနဲ့ဆင်တူအ​နောက်တိုင်းဝတ်စုံ​သေး​သေး​လေး ထုတ်​ပေးလိုက်သည်။ ​ခေတ်အတွက်က​တော့ ​ခေတ်ရဲ့​ဆွဲ​ဆောင်မှုရှိလှ​သော ချောကလက်နု​ရောင်အသားအရည်​လေးနှင့်လိုက်ဖက်​အောင် အညိုနု​ရောင်​လေး ထုတ်​ပေးလိုက်သည်။ သူတို့အချင်းချင်း​တော့ အ​ရောင်​တွေသိပ်မလိုက်ပင်မဲ့ လူနဲ့လိုက်ဖို့ကအဓိကပဲမလား။

"လာ လဲကြ​တော့ဆို မိန့်မိန့်​လေး​တွေထိုင်မ​နေကြနဲ့"

​မောင်က အ​လောတကြီး​​အော်ပြောလိုက်​တော့မှ ကုတင်​ပေါ်မှ ဆံ​ကောက်​လေးနှစ်​ယောက်မှာ လိမ့်ဆင်းလာကာ သူတို့ဝတ်စုံ​လေး​တွေကိုယူဝတ်ကြ​လေသည်။

အားလုံးအပြီးအစီးမှာ​တော့ ​မောင်နဲ့​ခေတ်က ဝတ်စုံ​လေး​တွေနဲ့ အံဝင်ခွင်ကျဖြစ်သွား​ပေမယ့် ​ရွှေဘူးလေးက​တော့ မျက်နှာ​လေးစူပုတ်လို့ အခက်ကြုံ​နေ​လေရဲ့။

"​ဖေ့ တားဖင်ကြီးကကြီး​နေလယ်ရယ်"

ဗိုက်က​လေးကပူကာ ဖင်​လေးကက​ကောက်​နေ​တော့ ​ဘောင်းဘီဇစ်ဆွဲမရတာ​ကြောင့် သူ့ဖင်​လေးသူလက်​ဖောင်း​ဖောင်း​လေး​တွေနဲ့ထိုးထည့်ရင်း​ပြော​လာ​လေသည်။ သူ့ကိုယ်သူလည်း သားလို့သုံးနှုန်း​နေသည်မို့ ဘူဘူး​လေးစိတ်မ​​ပျော်​တော့မှန်းသိသာလှသည်။

​ခေတ်နဲ့​မောင်နဲ့ဘူဘူးနားသို့အ​ပြေးသွားကာ ​ချော့​မော့ရင်း ​ခေတ်ကဘူဘူးဗိုက်​လေးကို အထဲသို့တွန်းကာ ​မောင်ကဇစ်ကိုဆွဲ​တော့လည်းမရ။ မ​တော်လို့ ​ရွှေ​ခေါင်း​လောင်း​သေး​သေး​လေးညပ်သွားမှဖြင့်ရင်ကျိုးရချည်ရဲ့​မို့ တအားလည်းမလုပ်ရဲ​ပေ။

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now