Part 5

27.9K 3.1K 306
                                    

​မောင်နှင့်​ခေတ်​တို့ည​နေ၆နာရီခွဲ​လောက်​ရောက်​တော့ဆိုင်သိမ်းပြီးအိမ်ထဲသို့ဝင်လာကြ​လေသည်.....အိမ်ထဲသို့ဝင်လိုက်သည်နှင့် အရင်ရောက်နှင့်​နေ​သောရှင်းလျှန်ပြည့်​မောင်ဆိုတဲ့သ​ကောင့်သားက​တော့ကလန်ကလားနဲ့ဆိုဖာ​ပေါ်မှာ​ခွေ​ခွေကြီးအိပ်​နေ​လေရဲ့.......

"ဖက်"

အိပ်​​ပျော်​နေ​သောသ​ကောင့်သားကို
ဖက်ခနဲ​ ခြေ​ထောက်ကိုဖျက်ရိုက်ကာနှိုးလိုက်​တော့မျက်လုံး​တွေပွတ်​ခေါင်း​တွေကုတ်ရင်းနိုးလာ​လေသည်....

"​ဟေ့​ယျောင် ထ"

"ဘာလဲbroရာ"

"ဒီမှာလာ​သေမ​နေနဲ့ ထ"

"ထပြီ ထပြီ...ဒီမှာမအိပ်ရင်ဘယ်မှာအိပ်ရမလဲ​ပြော"

ဆိုဖာ​ပေါ်မှ​နေ၍​​​မောင့်အားခပ်မာမာ​မေး​နေပုံကဖြတ်ရိုက်ချင်စရာ...သူ့အိမ်သူ့ယာကျလို့

"ကို​ခေတ်နဲ့​နေလိုက်"

"ကိုခတ်...ဒီ​သေး​သေး​လေးလား..."

​မောင်က​ပြော​တော့ ရှင်းလျှန်သည်​မောင့်​နောက်က​ခေတ်ကိုလက်ညှိုးထိုးရင်းပြန်​မေး​လေသည်....

"​အေး​သေး​သေး​လေး​ပေမယ့်မင်းထက်အသက်ကြီးတယ် ​လေး​လေးစားစားဆက်ဆံ....သူ့နာမည်​ကို​ခေတ်ထူးထူး​ခေတ်တဲ့"

​မောင်က​ခေတ်ကိုရှင်းလျှန်နဲ့မိတ်ဆက်​ပေး​တော့​ခေတ်ကသူ့ပုံစံအတိုင်းမျက်လုံး​လေး​တွေခုံးသည်အထိ၊ပါးချိုင့်တစ်ဖက်​ပေါ်သည်အထိပြုံးပြ​လေသည်....

"အလှ​လေးပဲ"

"​ဟေ့​ကောင်..မင်း..."

​မောင့်၏စကားပင်မဆုံးလိုက် ရှင်းလျှန်သည်​ခေတ်အနားသို့ချက်ချင်း​ရောက်သွားကာ....

"အကိုကအသက်ဘယ်နှနှစ်လဲ"

"၂၄နှစ်ရှိပြီဗျား"

​ခေတ်၏စကားဆုံး​တော့ရှင်းလျှန်တစ်​ယောက်ပြုံးလိုက်၏...ထိုအပြုံးသည်တစ်စုံတစ်ခုကိုအသည်းယားလို့ပြုံးသည့်အပြုံးမျိုး

"​ဟေ့​ကောင်...ရှင်းလျှန်...မင်းဒီနားပြန်လာခဲ့စမ်း"

"မရ​တော့ဘူး"

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now