Part 19

22.2K 2.5K 163
                                    

မနက်ခင်းရဲ့အလင်း​ရောင်​ဖြဖြ​လေးသည်အခန်း​လေးထဲသို့အစက်အ​ပြောက်​လေး​တွေအဖြစ်တိုးဝင်လာချိန်​ကောင်​လေးနှစ်​ယောက်သည်ကုတင်ထက်ဝယ်အိပ်​မောကျ​လို့နေဆဲပင်။မ​နေ့က ​တော်​တော်​လေးကဲလိုက်ရလို့ပင်ပန်းသွားကြတယ်ထင်ပါရဲ့

"သား​ခေတ်​ရေ သား​ခေတ်"

​​ဒေါ်​မေမိုးပြည့်တစ်​ယောက် အ​ပေါ်သို့တက်လာကာ​ခေတ်တို့အခန်းတံခါးကို​ခေါက်၍​ခေါ်​တော့ ​ခေတ်ကအိပ်မှုန်စုတ်ဖွား​လေးနှင့်ထွက်လာ​လေသည်။

"ဗျာတီ​မေ"

"​အောက်မှာသား​ခေတ်အတွက်လက်​ဆောင်ရှိတယ် လိုက်ကြည့်ဦးရှင် တီ​မေနဲ့ဦးနဲ့ပြင်​ပေးထားတာ"

မနက်​စော​စောစီးစီးအခန်းတံခါးလာ​ခေါက်ကာလက်​ဆောင်ရှိတယ်ဆို​သောစကား​ကြောင့်​ခေတ်မျက်လုံး​လေး​တွေဝိုင်းသွားရ​လေသည်။

"လက်​ဆောင်ဟုတ်လားဗျ"

"ဟုတ်ပါ့ ကိုယ်လက်သန့်စင်ပြီးဆင်းခဲ့ရှင် မြန်မြန်​​နော်သား​ခေတ်"

"ဟုတ် ဟုတ်တီ​မေ"

​ဒေါ်​မေမိုးပြည့်က ပြုံးလျှက်အားရဝမ်းသာ​ပြောကာ​အောက်သို့ပြန်ဆင်းသွား​လေသည်။​ခေတ်မှာ​တော့​မောင့်ကိုနှိုးကာ လက်​ဆောင်အ​ကြောင်း​ပြောပြီး ​ရေချိုးခန်းထဲမြန်မြန်ဝင်ကာ ကိုယ်လက်သန့်စင်လိုက်သည်။ပြီးတာနဲ့​အောက်သို့ခပ်သွက်သွက်ဆင်းကာ ဧည့်ခန်းထဲသို့အ​ပြေး​လေးသွားလိုက်သည်။

"​ရောက်ပါပြီဗျ"

ဧည့်ခန်းထဲကိုလုံးတုံး လုံးတုံးနှင့်​ပြေးဝင်လာ​သော​ခေတ်ကို​တွေ့တော့​​ဒေါ်​မေမိုးပြည့်က​ဖြေး​ဖြေးလာရန်​ပြော​လေသည်။Saturday, Sunday ရုံးပိတ်ရက်မို့အိမ်မှာလူစုံတက်စုံရှိ​နေ​လေသည်။​ခေတ်ဧည့်ခန်းထဲ​ရောက်​တော့​ခေတ်​နောက်မှာ​မောင်လည်းပါလာ​လေသည်။

"သား​ခေတ်လာထိုင်​ချေ"

"ဟုတ်တီ​မေ"

​ခေတ်ထိုင်ခုံမှာဝင်ထိုင်လိုက်​တော့မှသတိထားမိသည်။သူတို့ထိုင်​နေတဲ့​ရှေ့တည့်တည့်မှာ ​ခေတ်နဲ့ရွယ်တူ အမျိုးသားတစ်​ယောက်နဲ့၃၊၄နှစ်အရွယ်က​လေးမ​လေးတစ်​ယောက်

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now