Part 31

20.9K 2.2K 148
                                    

သူရိန်​နေမင်းကြီးသည် အ​ရှေ့ဘက်မှ​နေ၍တဖြည်း​ဖြည်း​ခေါင်းပြူလာကာ ​လောကလူသား​တွေကိုအလင်း​ဆောင်ချိန် ​နွေး​ထွေး​သောအိပ်ရာထက်ဝယ် လူသား​လေးနှစ်ဦးသည်အိပ်​မောကျနေ​လေရဲ့ပေါ့။ သိပ်မကြာလိုက်ပါ ထိုလူသား​လေးနှစ်ဦးထဲမှ ချစ်စရာ​ကောင်းလှ​သောပွ​ယောင်း​ယောင်းလူသား​လေးတစ်​ယောက်သည် အရင်နိုးထလာကာ သူ့​ဘေးက​ချော​မောလှ​သောချစ်ရသူကို အပြုံးမျက်နှာ​လေးနှင့် တစ်စိမ့်စိမ့်စိုက်ကြည့်​နေ​လေသည်။

သူချစ်ရတဲ့ထို​ကောင်​လေး ​​​တော်​တော်​လေးအိပ်​မောကျ​နေတယ်ထင်ပါရဲ့​လေ။

မ​နေ့ညက ဥာဥ့်နက်သန်း​ခေါင်မှ အသည်းအသန်​တွေထ​ယောင်​သော ​မောင့်​ကြောင့်​ခေတ်​ရော ​မောင်​ပါ အိပ်​ရေးပျက်ခဲ့ရသည်မလား။အိမ်မက်ဆိုး​တွေမမက်တာကြာခဲ့ပြီဖြစ်​သော ထို​ကောင်​လေးသည် အဘယ်​ကြောင့်အိမ်မက်ဆိုး​တွေ ထပ်မက်ရပြန်ပါသလဲ​လေ။

​ခေတ်တစ်​ယောက် ​မောင့်အားကြည့်​နေရင်း တစ်စုံတစ်ခုကိုသတိရသွားဟန် မျက်လုံး​လေး​တွေပြူးကျယ်ဝိုင်းစက်သွား​လေသည်။ ဒီ​နေ့ကချစ်ရ​သောထို​ကောင်​လေးရဲ့​မွေး​နေ့မလား။

သတိရသွားတာနဲ့တစ်ပြိုင်နက် ​မောင့်အနားသို့ပိုတိုးကပ်သွားကာ နဖူး​​လေးကိုမထိတထိ မဝံ့မရဲနှင့်တစ်ချက်နမ်းလိုက်သည်။ ဒီအနမ်း​လေးဟာ ​ခေတ်အတွက်​တော့​မောင့်ကို​ပေးတဲ့ပထမဆုံးအနမ်းမလား။

"အင်းးး"

နဖူး​ပေါ်​ရောက်လာတဲ့ခပ်​နွေး​နွေးအထိအ​​တွေ့​လေး​ကြောင့် ​မောင်တစ်​ယောက်အိပ်​ပျော်​နေရင်းမှသံရှည်ကြီးဆွဲကာ အ​ကျောဆန့်ပြီး မျက်လုံး​လေးတစ်ဖက်ဖွင့်ကြည့်​လေသည်။ ​မောင့်မျက်လုံး​လေး​တွေပွင့်လာ​တော့​ခေတ်က ​နဖူးပြင်ထက်သို့နောက်ထပ်အနမ်း​​လေးတစ်ချက်ခပ်ဖွဖွပေးရင်း ပြုံးလျှက်ကြည့်ကာ ချိုသာ​သောအသံ​လေးနှင့်ချစ်ဖွယ်စကား​လေးကိုဆို​လေသည်။

"ဟက်ပီး ဘက်​​​ဒေး ​မောင်"

တစ်လုံးချင်း​သေချာ​စဥ်းစားပြောကာ ချစ်ရည်ရွှမ်း​သောမျက်လုံးလဲ့လဲ့​လေး​တွေနှင့်ပြုံးကာကြည့်​တော့ ​မောင်က မိခင်ရင်ခွင်ကိုမြင်​သောက​လေး​လေးသဖွယ် ​ခေတ်အား​ပြန်လည်ငေး​စိုက်ကြည့်ရင်း မျက်ရည်​လေး​တွေဝဲတက်လာ​လေသည်။

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now