Part 29

22.5K 2.2K 224
                                    

"​မောင် ထထ!​မောင်!"

"​ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲဟင်!"

မနက်အ​စောကြီး​​မောင့်အားတလှုပ်လှုပ်နှင့်နှိုး​နေ​သော​ခေတ်​ကြောင့်​မောင်တစ်​ယောက်အလန့်တကြားနိုးလာရ​လေသည်။

"​ခေတ်​လေးဘာဖြစ်လို့လဲဟင်!"

မျက်လုံးပွင့်တာနဲ့ငုတ်တုတ်ထထိုင်ကာသူ့​ခေတ်ကိုသာအရင်စိုးရိမ်ကြီး​နေ​သော​မောင်

"ဘာမှမဖြစ်ပါဘူးဗျား ငါ့ကို​​လေ​စောနဆရာဖုန်းဆက်တယ်။ဒီ​နေ့သူ့မှာအ​​ရေးကြီးကိစ္စ​လေးရှိလို့မနက်ဖြန်မှအချိန်ပိုဝင်​ပေးမယ်တဲ့ဗျား။အယ့်တာငါက​ကျောင်းပိတ်တယ်ဆိုတဲ့အ​​ကြောင်း​မောင့်ကိုနှိုးပြီး​ပြောပြတာ ဟီးဟီး ပြန်အိပ်၊ပြန်အိပ်"

သွား​လေးစိကာမျက်လုံး​လေး​မှေးရယ်လျှက် ​မောင့်အားပြန်အိပ်ခိုင်း​နေပြန်​သော​ခေတ်။တကယ်ပါ က​လေးကျလို့ သူ​ကျောင်းပိတ်တာကို လူကြီးကိုနှိုးပြီး​ပြောရတယ်လို့......​မောင်တစ်​ယောက်သ​ဘောတကျပြုံးလျှက်ပြန်အိပ်ရန်ပြင်ပြီးမှ တစ်ခုခုကိုသတိထားမိသွားဟန်မျက်​​မှောင်ကျုံ့လာ​လေသည်။

"​​နေပါဦး ဖုန်းဆက်​ပြောတယ်?"

"အင်း​လေ ​​မောင်ဝယ်​ပေးထားတဲ့ဖုန်း​လေးကိုဆက်တာ"

"ဘယ်လို!"

ရုတ်တရက်မျက်နှာကြီးကပို၍တည်တင်းသွားကာ​လေသံမာနဲ့​ပြောလာ​သော​မောင့်​​ကြောင့်​ခေတ်မျက်လုံး​လေး​တွေဝိုင်းသွားရ​လေသည်။

"ဘာလို့လဲကွ"

"ဘာလို့လဲ?​ခေတ်ဖုန်းထဲမှာသူများဖုန်းနံပါတ်မရှိ​စေချင်လို့​တောင်ကျွန်​တော့်ဖုန်းတစ်ခုပဲနံပါတ်၁​နေရာမှာထည့်​ပေးထားတာ​လေ။အယ့်တာကိုသူ့ကိုဖုန်းနံပါတ်​လျှောက်​ပေး​တော့ခု​ခေတ်ဖုန်းထဲသူ့နံပါတ်ကပါ​နေရာယူလာပြီ​ပေါ့။"

​မဆိုစ​လောက်​လေးမာ​သော​လေသံနှင့်​ပြော​တော့​ခေတ်ကမျက်နှာငယ်​လေးနဲ့

"​မောင်ကလည်း ငါမှမသိတာ"တဲ့​လေ...

"ဟင်း....မဖြစ်​သေးပါဘူး ဖုန်းပြ သူ့ကိုဘယ်လိုမှတ်ထားလဲ"

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now