Part 6

26.8K 3K 152
                                    

"ကို​ခေတ် ကို​​ခေတ်"

​မောင်တစ်​ယောက်မနက်၇နာရီထိုးသည့်တိုင်မနိုး​​သေး​သော​ခေတ်ကိုလှုပ်နှိုး​နေ​လေသည်.....​မောင့်နှိုးသံ​ကြောင့်မျက်လုံး​လေး​တွေရဲကာနိုးလာ​သော​ခေတ်...ဟုတ်သည်​လေ ညက​​ တစ်ညလုံးယောင်​နေ​သောမောင့်​ကြောင့်ဥာဏ့်နက်မှအိပ်ခဲ့ရသည်မလား...

"ဟင်...အင်း..ငါထပြီ...အိပ်​ပျော်သွားတယ်ကွ"

"ခဗျားအိပ်ချင်​သေးရင်လည်းအိပ်​နေပါ။ဒီ​နေ့ဆိုင်ပိတ်တာပဲ ခုက​စျေးဝယ်သွားမလို့ လိုက်ချင်လိုက်ရ​အောင်နှိုးတာ"

​မောင့်ပါးစပ်က​စျေးဝယ်ဆို​သောအသံကြားသည်နှင့်​ခေတ်သည်မျက်လုံး​လေး​တွေဝိုင်း၍​ငေါက်ကနဲထလာ​လေသည်....

"​စျေးဝယ်ဟုတ်လား...လူ​တွေစီပြီး​စျေးသည်​တွေနဲ့​လေ....ငါလည်းလိုက်ချင်တယ်​မောင် ငါက​စျေးဆိုရွာမှာတစ်ခါတစ်​လေလာ​ရောင်းတဲ့တစ်သည်နှစ်သည်ပဲ​တွေ့ဖူးတာဗျား...ငါလည်းလိုက်ချင်တယ်​နော်....အယ့်လို​စျေးသည်တွေအများကြီး​ရောင်းတဲ့​နေရာမလား"

​ခေတ်ကအားတက်သ​ရော​မေး​တော့​မောင်က

"အင်း..​စျေး​ရောင်းတာ​တော့ဟုတ်​ပေမယ့် ​စျေးသည်​တွေက​တော့အများကြီးမရှိဘူး...ထားပါခု​ရေမိုးချိုးပြီးသွားကြမယ်​လေ"

"အင်းအင်းသွားကြမယ်ဗျား"

​ခေတ်သည်ခုန်​ပေါက်မတက်ပင်ပုဆိုး​လေးတစ်ထည်ယူ၍​ရေချိုးခန်းသို့အ​ပြေးတစ်ပိုင်းသွား​လေသည်....

​ခေတ်၏ပုံကိုကြည့်၍​မောင်တစ်​ယောက်ပြုံးလိုက်မိ၏....ပြီးမှဟိုဘက်အခန်းမှာအိပ်​နေ​သောရှင်းလျှန်ကိုပါနှိုးကာသွားရန်ပြင်ဆင်ခိုင်း​လေသည်.....သ​ကောင့်သားက​​တော့ ဆင်တက်နင်းရင်​တောင်မနိုးဘူးဆိုသည့်ပုံဖြင့်စက်​တော်​ခေါ်​နေသည်မို့အ​တော်​လေးကိုကန်ကာ​ကြောက်ကာနှိုးခဲ့ရ​လေသည်.....

​ရေမိုးချိုးပြင်ဆင်ပြီး​တော့သုံး​ယောက်သား​မောင့်ကား​လေး​ပေါ်သို့တက်ကာ​စျေးသွားရန်ပြင်ကြ​လေသည်......

ကား​ပေါ်​ရောက်သည်နှင့်ရှင်းလျှန်ရှိရာအ​နောက်ဖက်သို့လှည့်၍နဖားကြိုးတပ်ဦးဟုတွင်တွင်​ပြော​နေ​​​သော​ခေတ်....​ခေတ်စကား​ကြောင့်ရှင်းလျှန်မှာနဖားကြိုးနှင့်တူ​သောအရာကိုအသည်းအသန်လိုက်ရှာရ​သေးသည်....

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now