Part 12

23.7K 2.6K 131
                                    

"သား​ခေတ်ပြီးပြီလား"

ည​နေပါတီတက်ရန်အချိန်နီး​နေတာ​ကြောင့် ​ဒေါ်​မေမိုးပြည့်အ​ပေါ်သို့တက်ကာ ​ခေတ်အခန်းတံခါးကို​ခေါက်လိုက်​တော့အခန်းထဲမှ"လာပြီတီ​မေ လာပြီ"ဆို​သော​ခေတ်၏အ​လောတကြီးအသံ​လေးကိုကြားရ​လေသည်.....

ထို့​နောက်ပွင့်လာ​သောတံခါး​နောက်မှာ ထွက်လာ​​သောအ​ကောင်ပုပု​လေး

"​ဟော့​တော်!"

​ခေတ်၏ပုံစံ​လေးကိုကြည့်ကာ ​ဒေါ်​မေမိုးပြည့်ရယ်လျက် အာ​မေဋိတ်သံပင်ထွက်ရ​လေသည်....

"သား​ခေတ် ဘယ်လို​တွေဝတ်ထားတာလဲကွယ်"

​ခေတ်ပုံစံကိုကြည့်ကာသူမတအံ့တသြ​ပြောမိသည် သူမ​ပြောလည်း​ပြောချင်စရာပင် ​ခေတ်သည် အ​နောက်တိုင်းဝတ်စုံကို​​ အ​ပေါ်က​တော့ကုတ်နဲ့ဘာနဲ့ဝတ်ထားပါရဲ့ ​အောက်က​တော့ပုဆိုးကိုရင်​ခေါင်းစည်း၍သူ့စတိုင်လ်နှင့်သူ ​ခေတ်ပုံစံက​သူကြီးသားတော​ဂေါ်လီ​လေးအတိုင်းပင်

"​ဘောင်းဘီကြီးကမဝတ်တက်လို့တီ​မေရ ထုပ်တုတ်တုတ်ကြီးဖြစ်​နေလို့ဗျား အယ့်တာနဲ့ပုဆိုး​လေးနဲ့ပဲ"ဟု​ပြောကာပုဆိုးကိုဆွဲဆန့်ရင်း​ပြော​လာ​လေ​သော​​ခေတ်

"ထုပ်တာမဟုတ်ပါဘူးသား​ခေတ်ရယ် fitဖြစ်တာပါ"

"ဖစ်?"

"​ဪ..ကွက်တိကို​ပြောတာပါကွယ် သား​ခေတ်ကကျပ်တယ်ထင်လို့ပါ အယ့်​ဘောင်းဘီ​တွေကအယ့်လိုပဲဝတ်ရတာသား​ခေတ်ရဲ့ ခဏပါပဲ သည်းခံပြီးဝတ်လိုက်​နော်"​ဒေါ်​မေမိုးပြည့်က ​ခေတ်ကိုအခန်းထဲပြန်တွန်းပို့ကာ​ဘောင်းဘီအတင်းဝတ်ခိုင်း​တော့အင်တင်တင်​လေးလုပ်လျက်

"ဟုတ်ကဲ့ပါတီ​မေ ကျွန်​​တော်လဲလိုက်ပါမယ်" ဟုဆိုကာအခန်းထဲပြန်ဝင်သွား​လေရဲ့

"​အေး​အေး တီ​မေ​စောင့်​နေမယ်​နော်"

"ဟုတ်"

"ဟားဟား..."

​ဒေါ်​မေမိုးပြည့်​ခေတ်ပုံ​လေးကိုကြည့်ကာရယ်မိ​လေရဲ့ သူမစကားကိုမလွန်ဆန်ရဲလို့သာ သွားလဲရပုံ​ပေါ်သည် အင်တင်တင်​လေးနှင့်လုပ်သွားပုံကတကယ်ကိုအသည်းယားဖို့​ကောင်းလှသည်......

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now