Part 3

31.6K 3.3K 530
                                    

​မောင်နှင့်​ခေတ်တို့အိမ်ပြန်​ရောက်သည်နှင့်​မောင်တစ်​ယောက်ယ​နေ့ဆိုင်ပိတ်သည်ဆို​သောစာတန်း​လေးကိုချိတ်ဆွဲလိုက်သည်....ပြီးမှဆိုင်​နောက်ကအိမ်ထဲမှာဧည့်ခန်းထဲ၌ကျုံ့ကျုံ့​လေးထိုင်​နေ​သော​ခေတ်ဆီသွားလိုက်သည်.....

"ကဲ ကို​ခေတ် ခဗျားဘာလုပ်တက်လဲ"

"ကျုပ်..."

"ငါလို့​ပြော...ခဗျားထက်ငယ်ရင် ငါလို့​ပြော ကြီးရင်ကျွန်​တော်လို့​ပြော"

"အင်း..."

"ကဲ ခဗျားဘာလုပ်တက်လဲ​ပြောကြည့်ဗျာ"

"ငါထမင်းဟင်းချက်တက်တယ် သန့်ရှင်း​ရေးလုပ်တက်တယ် အဝတ်​လျှော်တက်တယ် ​ရေထမ်းတက်တယ် နွား​​တွေကျွဲ​တွေကျောင်းတက်တယ် ​ကောက်စိုက်တယ်တယ် လယ်ထွန်တက်တယ် ပြီး​တော့မီး"

"ရပြီရပြီ....​တော်​တော့ ​တော်​တော့"

ဘယ့်နှယ့်ရွာကအလုပ်​တွေပဲထည့်​ပြောရတယ်လို့......

"အင်း...ဟုတ်ပြီ..ခဗျားကိုကျွန်​တော့်ဆိုင်မှာအကူအ​နေနဲ့ထားမယ်....ကျွန်​တော်ကကိတ်မုန့်လုပ်​ရောင်းတာ ခဗျားကကူရမယ်   ဖြစ်လား"

"ကူတာကရပါတယ်ကွ ဒါနဲ့မင်း​ပြောတဲ့ကိတ်မုန့်ဆိုတာ ဘယ်လိုမျိုးလဲကွ"

"ကိတ်မုန့်​တောင်မသိဘူးလား "

​ခေတ်၏အ​မေးကို​မောင်ကအ​မေးဖြင့်ပြန်တုံ့ပြန်​လေသည်....

"​ပေါင်မုန့်​ရောသိလား"

"သိတယ်သိတယ် ရွာကိုဆရာဝန်​တွေလာရင်တစ်ခါတစ်​လေသယ်လာတယ်ဗျား"

"အင်း ကိတ်မုန့်ဆိုတာလည်းအယ့်လိုပါပဲ ခရမ်​တွေယို​တွေနဲ့...."

"အယ့်ခရင်တွေယို​တွေက​ရောဘယ်လိုတုန်းကွ"

"ဟာ...ဒါလည်းမသိဘူးလား..."

​ခေတ်က​မေးပြန်​တော့မျက်လုံး​လေးဝိုင်း၍​ခေါင်း​တွေတဆက်ဆက်ခါပြန်သည်.....

"ထားပါ​နောက်​​တော့သင်​ပေးမယ်...ဒါနဲ့​လေခဗျားတို့ရွာကဘယ်မှာမို့လို့အယ့်​လောက်​တောင်မသိတာ​တွေများရတာလဲ....ခု​ခေတ်မှာရွာ​တွေကလည်း​ခေတ်မှီ​နေပါပြီ"

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now