Part34

20K 2.1K 117
                                    

"Buzz..buzz..buzz..buzz"

တုန်ခါ​နေ​သောဖုန်းရဲ့လှိုင်း​ကြောင့် ရှင်းလျှန်မျက်လုံးများပွင့်လာရသည်။ နဖူးကိုလက်ဖြင့်ဖိကာ ထဖို့လုပ်​​တော့ လက်​မောင်း​ပေါ်ကခပ်​လေး​လေးအရာ​လေးတစ်ခုကို သတိထားမိသွားသည်။ ထိုအရာ​လေးကို ​စောင်းငဲ့ကြည့်မိစဥ်နှုတ်ခမ်း​တွေအလိုလို ​ကော့တက်သွားရ၏။

သူ့လက်​မောင်း​ပေါ်တွင် ​ခေါင်း​လေးအုံးပြီး သူ့နားအတင်းတိုးကပ်ကာ ​​ကွေး​ကွေး​လေးအိပ်​နေ​သောစိုင်း​မော်ရှန်း​ကြောင့်ပင်။ ​ခန္ဓာကိုယ်တစ်ပိုင်းကို ​စောင်ဖြင့်ဖုံးထား​သော်လည်း ​စောင်မလုံသည့်အ​ပေါ်ပိုင်း​လေး​တွေတွင် ဟိုတစ်ကွက် ဒီတစ်ကွက်နှင့် အကွက်ထ​နေ​သော အရာ​လေး​တွေကထင်းလို့။ တချို့မှာ ခရမ်းပုပ်​ရောင်ပင်​ပြောင်းလုဆဲဆဲဖြစ်လို့​နေပြီ။

"Buzz...Buzz..buzz"

"ကျစ်!"

ဖုန်းသံမဟုတ်​သော်လည်း vibrate လုပ်ထား​သောဖုန်းရဲ့တုန်ခါမှုလှိုင်း​တွေ​ကြောင့် သူ့လက်​မောင်း​ပေါ်မှာ ​နှစ်ခြိုက်စွာအိပ်စက်​နေ​သော လူသား​လေးနိုးသွားမှာစိုးလှပါသည်။ ထို့​ကြောင့် လက်​မောင်း​ပေါ်​ခေါင်းအုံးထားသူ​လေး မနိုး​စေရန်အလို့ငှာခန္ဓာကိုယ်ကို အတက်နိုင်ဆုံး​ဖော့၍ အသာအယာကြွကာ တစ်ချိန်လုံးတုန်ခါ​နေ​​သောဖုန်းကိုလှမ်းယူလိုက်သည်။

ဘယ်သူကများအ​ရေးတကြီး​ခေါ်ထားလဲဟု ကြည့်မိ​တော့ ဖုန်းlock screenထက် ​ပေါ်​နေ​သော contact name က "Doctor lay"တဲ့။ ပို့ထားတဲ့Message ကသုံး​​စောင်။

ရှင်းလျှန်တစ်​ယောက်မျက်ခုံး​တွေ တွန့်ချိုးလာရင်း lock မခံထား​သောဖုန်းကိုဖွင့်ကာထိုmessage​တွေကိုကြည့်လိုက်​တော့

"နိုးပြီလား"

"​နေ​ကောင်းရဲ့လား"

"ဒီ​နေ့​ရောလာ​ခေါ်​ပေးရမလားခဗျ😅"ဆိုတဲ့စာ၃​စောင်

ရှင်းလျှန် ထိုစာ​တွေကိုဖတ်လိုက် စိုင်း​မော်ရှန်းကိုကြည့်လိုက်နှင့် စိတ်ထဲတင်းကျပ်လာရသည်။

"ဒီ​နေ့​ရောလာ​ခေါ်​ပေးရမလားခဗျ😅"ဆို​​သောစာတို​လေးသည် သူ့မျက်စိထဲဝယ် ခဏခဏမြင်​ယောင်လို့။

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now