Part 10

26.3K 2.8K 256
                                    

​ခေတ်တစ်​ယောက် ​မောင့်အ​ဖေ​၏အခန်းထဲကထွက်လာပြီး​အ​ပေါ်ကိုပြန်တက်လာကာ ​စောန​မောင့်အခန်းဆို​သောအခန်းကို ပြန်လာလိုက်သည်။အခန်းထဲ​ရောက်​တော့​မောင်ကရှိမ​နေ

​​မောင့်ကိုရှာရန်အခန်းပြင်သို့ပြန်ထွက်လာခဲ့သည်။​မောင်တို့အိမ်သည် အ​ပေါ်ထပ်ကိုပင်​တော်​တော်​လေးကျယ်သည် ခုမှ​ရောက်ဖူးတဲ့အိမ်ကြီးမို့ အိမ်ကြီးကိုလည်းကြည့်ရင်းအ​ပေါ်ထပ်မှာပင်အရင်ပတ်ရှာလိုက်သည်။

အိမ်အ​ပေါ်ထပ်ကစက်ဝိုင်းပုံသဏ္ဏာန်ကြီးမို့ စက်ဝိုင်းတစ်ပတ်ပြည့်​အောင်ပတ်ကြည့်ကြည့်လိုက်သည်။စက်ဝိုင်းတစ်ပတ်ပြည့်ခါနီး တွင် ဝရံတာ​လေးတစ်ခုရှိသည် ထိုဝရံတာ​လေးနား​ရောက်​တော့တရှုံ့ရှုံ့နဲ့နှာရှုံ့သံ​လေးကြားရတာ​ကြောင့် ဝရံတာဘက်ကိုထွက်ကြည့်ကြည့်​တော့ဘယ်သူမှရှိမ​နေ

"ကို​ခေတ်"

"အမယ်​လေးဗျ!"

အ​သေ​ကောင်တစ်​ကောင်ရဲ့အသံလို​အေးစက်​နေ​သော ရှင်းလျှန်၏အသံ​ကြောင့်လန့်သွားမိသည်

"​ဟေ အယ့်​ခေါင်မိုး​ပေါ်ဘာတက်လုပ်တုန်းကွ"

ရှင်းလျှန်သည် ဝရံတာ​ဘေးက​ခေါင်မိုး၏အစွန်းထွက်​လေး​ထောင့်ကွက်​လေးတွင်တက်ထိုင်​နေ​လေသည်

"ဒီလိုပါပဲ စိတ်ညစ်လို့"

ရှင်းလျှန်​ပြော​တော့​ခေတ်သက်ပြင်းချလိုက်မိသည်

"ဒါနဲ့ မင့်မျက်နှာမှာ​​သွေးထွက်​နေတယ်​ရှင်းလျှန်​လေးရ"

​ခေတ်ကဝရံတာဘက်က​နေ​ လှမ်း​ပြော​တော့​ခေါင်မိုး​ပေါ်မှာထိုင်​နေရာက​နေထလာပါ​သောရှင်းလျှန် ​ခေတ်​ရှေ့​ရောက်​တော့မျက်နှာကိုအနားတိုး​ပေးလျှက်

"သုတ်​ပေးကျွန်​တော့်ကို"

"​ဟေ"

"​သွေး​တွေသုတ်​ပေးလို့ ​ကြာပါတယ် ​ဆေးပါထည့်​ပေးလိုက် ခဏ​နေဦး"ဟု​ပြောကာ အိမ်ထဲကိုလှစ်ခနဲပြန်ဝင်သွား​သော​ကောင်​လေး ခဏကြာ​တော့​လက်ထဲမှာဘူး​လေးတစ်ဘူးကိုင်ပြီးဝရံတာဘက်ကိုပြန်ထွက်လာပြန်သည်

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now