Part 11

23.3K 2.7K 166
                                    

မ​နေ့က ​အ​မောင်​ခေတ်ရဲ့​သောင်းကျန်းမှု​ကြောင့်​မောင်တစ်​ယောက် ဖခင်ဖြစ်သူနှင့်အလုပ်ကိုမလိုက်သွားရတာ​ကြောင့် ဒီ​နေ့​တော့လိုက်သွားရ​ပေမည်။သို့​​သော်အလုပ်မသွားခင် အ​မောင်​ခေတ်ကို ​ရေချိုးဆပ်ပြာကဘာ သွားတိုက်​ဆေးကဘာဆိုတာပြ​ပေးခဲ့ရဦးမည်။ဒီမှာက အရင်အိမ်လိုမဟုတ် ​ခေါင်း​လျှော်ရည်ဆိုလည်းတံဆိပ်၂ခု​လောက် ဆပ်ပြာဆိုလည်း၂ခု​လောက် အကုန်၂ခု ၂ခု စီထား​ပေးထားသည်မို့ ​ခေတ်အတွက်ဆိုသူမမြင်ဖူးတာ​တွေအရမ်းများ​နေ​လေသည်

​ခေတ်ကိုနှိုးကာ​ရေချိုးခန်းထဲ​ခေါ်သွားပြီး သူသုံးရမည့် ဆပ်ပြာ ​ခေါင်း​လျှော်ရည် သွားတိုက်​ဆေး အကုန်​သေချာပြခဲ့ပြီး မှ ​မောင်လည်း​ရေချိုးပြင်ဆင်ကာအလုပ်သွားရန်ပြင်ဆင်ရသည်

"​ခေတ်"

"ဟင်"

"ဒီ​နေ့ည​နေကျရင် ကျွန်​တော်နဲ့ပါတီတစ်ခုလိုက်ခဲ့​ပေးရမယ် ရလား"

​မောင်က​ပြော​တော့ ​ခေတ်ကမျက်လုံး​လေးပြူး၍

"ဖာတီ!ဖာတီကဘာလဲ​မောင်ရ ဟို မဟုတ်တာ​တွေလား"

"အာ ဖာတီမဟုတ်ဘူး​ခေတ်ရဲ့ ပါတီ ပါတီ ပါတီဆိုတာဗျာ လူ​တွေစုပြီး အင်း..ဘယ်လို​ပြောရမလဲ လူ​တွေစုပြီးပွဲလုပ်တာ​ပေါ့။အယ့်ပွဲမှာအချင်းချင်းမိတ်ဆက်တာ​တွေ စီးပွား​ရေးကိစ္စ​တွေအယ့်လို​တွေ​ပြောကြတာကွာ"

​မောင်က​ပြော​တော့​ခေတ်က​ခေါင်းကိုတဆက်ဆက်ငြိမ့်ရင်းနှင့်

"ဪ...ငါသိပြီ ငါသိပြီကွ ငါတို့ရွာမှာလည်း​လေ နွား​တွေ​ပေါ်​တော့မယ်ဆိုရွာ​ပေါင်းစုံကနွား​တွေစုပြီး သူ့နွားကလှတာတို့ငါ့နွားက​ချောတာ​တို့ ​စျေးဘယ်​လောက်​ပေါက်တာတို့ ပြိုင်ကြတာ​ဗျား ပြီးရင် ဘယ်ရွာက ဒီနှစ်ပဲအထွက်ဆုံးတို့ ဘယ်ရွာကအ​​ခိုက်ဆုံးတို့ အယ့်လိုကွာ ထမင်း​တွေဟင်း​တွေ​ကျွေး​မွေးပြီး စု​ဝေးပြီးပြိုင်ကြတာဗျား အယ့်လိုမျိုးမို့လားကွ"

လက်သီးလက်​မောင်းတန်းလို့​မောင့်အားအားရဝမ်းသာနှင့်သူ့ရွာအ​ကြောင်း​ပြောပြ​နေပါ​သော​ခေတ် ​ခေတ်ပုံစံ​လေးကိုကြည့်ကာ​မောင့်မှာမဟုတ်ဘူးလည်းမ​ပြောရက်သလို ဟုတ်တယ်လည်းမ​ပြောရဲ ငိုချင်ရဲ့လက်တို့မဟုတ် ရယ်ချင်ရဲ့လက်တို့ဖြစ်​နေ၏....

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now