Part 17

21.8K 2.5K 77
                                    

သည်​နေ့မနက်​မောင်အလုပ်သွား​တော့​ခေတ်လည်းထုံးစံအတိုင်းအိမ်မှာဟိုလုပ်သည်လုပ်နှင့်ကျန်ခဲ့​လေသည်။​​ဒေါ်​မေမိုးပြည့်ကမနက်စာစားပြီးတိုင်း ​ခေတ်ကိုစာသင်​ပေးတာမို့ မနက်စာစားပြီးသည်နှင့်စာသင်ရန်ဧည့်ခန်း​လေးမှာ​နေရာကြိုယူထား​လေသည်။

"သား​ခေတ်"

"ဗျား"

"ဒီ​နေ့သားငယ်ရဲ့သူငယ်ချင်း​တွေလာမှာမို့တဲ့ တီ​မေချက်ဖို့ပြုတ်ဖို့ဝင်စီမံ​ပေးရဦးမယ်ကွယ် အယ့်တာသား​ခေတ်က အရင်​​နေ့ကဟာ​တွေပြန်​လေ့ကျင့်ထားပါလား"

​ဒေါ်​မေမိုးပြည့်ကအားနာဟန်​ပြော​လေ​တော့​ခေတ်ကပိုလို့ပင်အားနာရ​​လေသည်

"အာ မဟုတ်တာ ဒါဆိုကျွန်​တော်လည်းကူရမှာ​ပေါ့ဗျာ ကျွန်​တော်လည်းကူမယ်​လေတီ​မေရဲ့"

ပြာပြာသလဲနဲ့ကူရန်ထလာ​သော​ကောင်​လေးကို သ​ဘောတကျကြည့်ကာပြုံးလျှက်

"ကူစရာ​တော့သိပ်မရှိပါဘူးရှင် သား​ခေတ်ကကူချင်သပဆိုလည်း အိမ်​​ရှေ့မှာပဲစာ​ရေးရင်းသူတို့လာတာထိုင့်​စောင့်​ပေး​နေ​လေ​နော်။​မောင်ထွန်းကခြံတံခါးပဲဖွင့်​ပေးတက်တာ ဧည့်သည်ကိုဝင်ပါကြွပါမ​ပြောတက်​တော့သူနဲ့အဆင်မ​ပြေ​လောက်ဘူး။အယ့်တာ​ကြောင့်သား​ခေတ်ကစာ​ရေးရင်း​စောင့်​နေ​ပေး​နော်"

"ဟုတ်တီ​မေ"

​ဒေါ်​မေမိုးပြည့်သည်​ပြောပြီးသည်နှင့်မီးဖိုခန်းသို့ပြန်ဝင်သွားကာချက်​ရေးပြုတ်​ရေး​တွေစီမံ​လေသည်။​ခေတ်က​တော့​ဒေါ်​မေမိုးပြည့်စကားအတိုင်းအိမ်​ရှေ့မှာ​စာ​လေး​ရေးရင်းစောင့်​ပေး​နေ​လေရဲ့

ခဏ​နေ​​တော့ရှင်းလျှန်ဦး​​ဆောင်ပြီးသူ့သူငယ်ချင်း​တွေလို့ထင်ရ​သော​ကောင်​လေး​သုံး​ယောက်နဲ့ တစ်သိုက်ဟာအိမ်ထဲသို့ဝင်လာ​လေသည်

"ကို​ခေတ်"

"​ဟေ ရှင်းလျှန်​လေးတို့! လာကြပြီလား လာကွ ဝင်ကြ ထိုင်"

ရှင်းလျှန်၏သူငယ်ချင်း​တွေကိုဧည့်ဝတ်ပြုကာထိုင်ခိုင်းပြီးမီးဖိုခန်းသို့​လုံးတုံးလုံးတုံးနဲ့ပြေးဝင်သွား​လေ​သော​ခေတ်။​ဒေါ်​မေမိုးပြည့်ကိုရှင်းလျှန်သူငယ်ချင်း​တွေ​ရောက်ပြီဖြစ်​ကြောင်း​ပြောရင်း စားပွဲ​ပေါ်တင်ထား​သောဗန်း​လေးကိုကိုင်ကာပြန်ထွက်လာခဲ့သည်။

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now