Part 41

25K 2.1K 335
                                    

နှစ်နှစ်ကာကာ ချစ်မိသွားကြတဲ့အခါ
ကိုယ်ကသူဖြစ်လာပြီး
သူကကိုယ်ဖြစ်သွားတက်တယ်။
ရှင်းရှင်း​ပြောရရင် စွယ်​တော်ရွက်က​လေးလို​ပေါ့
နှစ်လွှာ​ပေါင်းမှ တစ်ရွက်ဖြစ်လာတာမျိုး
-------------------------
"အသက်! အသက်က​လေး အသက်လို့"

"ဟင် ဟင်! ဘာဖြစ်လို့လဲ ရှင်းငယ်? အိပ်မ​ပျော်ဘူးလား"

စိုင်း​မော်ရှန်း နှစ်နှစ်ခြိုက်ခြိုက်အိပ်​ပျော်​နေသည်ကို ​နောက်က​နေ အတင်းလှုပ်နှိုး​နေ​သော ရှင်းလျှန်​ကြောင့်နိုးသွားရသည်။ ညကဘုန်းဘုန်းကြီးရဲ့ တိုက်ကျောင်းမှာ သွားအိပ်ဆိုတာကိုမအိပ်ကြဘဲ ​ခေတ်ဘကြီး၏ ခြေတံရှည် ပျဥ်​ထောင်ပျဥ်ခင်းအိမ်ကြီးမှာသာ လိုက်အိပ်ကြသည်မို့ ပျဥ်ခင်းထား​သောကြမ်းခင်းကြီးတွင် အိပ်ရတာ​ မာမာ​တောင်​တောင်နှင့် ​ကျော​တွေနာပြီး အိပ်မရ​လေသလားဟု စိုးရိမ်တကြီးကြည့်မိ​တော့ သူ့အားမျက်​မှောင်​လေးကျုံ့၍ကြည့်​နေ​လေသည်။

"ငါ ငါဘာလုပ်မိလို့လဲဟင်?ငါ့ကိုစိတ်ဆိုး​နေတာလား"

တစ်​ရေးနိုးရင်​တောင် ငြိုငြင်မှာကိုသိပ်​ကြောက်သည်မို့ မျက်လုံး​လေး​တွေကိုမဝံ့မရဲကြည့်ကာ​မေးမိ​တော့ "ဟုတ်တယ်" ဆိုပြီး​လေသံမာနဲ့​ဖြေ​လေ​သောသူ

"ငါ​တောင်းပန်တယ်​လေ​​နော်"

"ဘာကို​တောင်းပန်​နေတာလဲ"

"ဘာပဲဖြစ်ဖြစ် ငါမှားတာရှိလို့မင်းစိတ်ဆိုးတာမလား"

"စိတ်ဆိုးတယ်​လေ။ ဒါ​ပေမဲ့​တောင်းပန်စရာမှ မလိုတာ။ ခုဘာကိုစိတ်ဆိုးလဲ​ရောသိလား"

ရှင်းလျှန်​မေး​တော့ စိုင်း​မော်ရှန်းက မျက်ရည်​လေး​တွေဥလာရင်း​ခေါင်းခါ​လေသည်။ ထိုလူသား​လေးသည် သူစိတ်ဆိုးငြိုငြင်မှာကိုသိပ်​ကြောက်​နေဟန်

"ခုအသက်က ကျွန်​တော့်ကို​ကျော​​​ပေးပြီးအိပ်​နေတယ်​လေ။ တကယ်ဆို ရင်ခွင်ထဲထည့်ဖက်ပြီး တရွှတ်ရွှတ်​တောင်နမ်း​နေရမှာကို ​ကျော​ပေးအိပ်​နေ​​တော့ ကျွန်​​တော်အိပ်မ​ပျော်​တော့ဘူးမလား"

"ဟင်?"

"ကျစ်! ခဗျားဖက်မအိပ်လို့အိပ်မ​ပျော်ပါဘူးဆို!"

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now