Part 25

23.9K 2.5K 284
                                    

​မောင်တစ်​ယောက်တစ်ညလုံးအိပ်၍မ​ပျော်ပါ။အ​ကြောင်းမှာ​တော့မ​နေ့က​ခေတ်ငိုရတဲ့အ​ကြောင်းအရင်းကိုသူလုံးဝအခဲမ​ကျေနိုင်။ဘယ်လိုလူ​တွေကများဘာ​တွေ​ပြောလိုက်လို့ ​ခေတ်ဟာထိုကဲသို့စကား​တွေ​ပြောလာရပါသလဲ​လေ။

အိပ်မ​​ပျော်သည့်အဆုံးကိုယ်လုံးကို​ဘေး​​စောင်းလိုက်ကာ ​ခေါင်းကိုလက်နဲ့​ထောက်ပြီးတခူခူးအိပ်​​ပျော်​နေ​သော​ရွှေညာသား​လေးရဲ့မျက်နှာကိုတစိမ့်စိမ့်ရှုမိသည်။

ဆံပင်​ကောက်က​လေး​တွေကနဖူး​ပြောင်​ပြောင်​လေးထက်​နေရာယူလို့ ငိုထားသည်မို့မျက်လုံး​လေး​တွေက​ဖောင်းမို့ပြီးပိကျ​နေ​လေသည်။ခပ်ဟဟနှုတ်ခမ်း​လေးကကြည့်လိုက်ချိန်တိုင်း ​ရေငတ်​​စေတဲ့ ဆားငန်​ရေ​လေးတစ်ခွက်​လေ။

"ဟူး..ကျစ်!"

တစ်​ယောက်ထဲ​တွေးကာတစ်​ယောက်ထဲစုတ်သတ်ရင်း ထိုလူသား​လေးရဲ့ရင်ခွင်ထဲဝင်အိပ်​နေလိုက်သည်။အချိန်တိုင်း၊မိနစ်တိုင်းစက္ကန့်တိုင်း ထိုရင်ခွင်​သေး​သေး​လေးသည် ​နွေး​ထွေးမှုကို​ပေးသည်။ထိုရင်ခွင်​လေးထဲမှာပြန်ဝင်​မှေးလိုက်​တော့မှသူလည်းအိပ်စက်ခြင်းသို့တစ်ဖန်ပြည်လည်​ရောက်ရှိ​လေ​တော့သည်။

ညအချိန်​တွေကုန်လွန်လာပြီး​နောက်တွင်​တော့ ငှက်က​လေး​တွေရဲ့​တေးသီသံ​လေး​တွေနဲ့အတူ ​နေ့အလင်း​ရောင်​လေးဟာတစ်ဖန်ပြည်လည်ထွက်​ပေါ်လာ​လေသည်။​မောင်က​တော့​ခေတ်ရင်ခွင်ထဲမှာ​ကွေးလို့​ကောင်းတုန်းဆို​ပေမယ့် ရှင်းလျှန်က​တော့စိုင်း​မော်ရှန်းဆို​သော လူသား​လေးဆီသွား​လေပြီ။မနက်ခင်းဆို ထိုလူသား​လေးနဲ့အတူ မနက်စာစားရင်းတစ်​နေ့တာအတွက်​ကျေနပ်တာ​တွေ​ရော မ​ကျေနပ်တာ​တွေပါဖွင့်ဟချပြရတာသူသိပ်ကိုနှစ်ချိုက်မိသည်ကိုး။

စိုင်း​မော်ရှန်းတို့အိမ်​ရှေ့​ရောက်​တော့ကား​ပေါ်ကဆင်းကာခြံ​ရှေ့ရပ်​နေပြီးအိမ်ထဲဝင်သင့်မဝင်သင့်စဥ်းစား​နေ​သေးသည်။ထိုစဥ်အိမ်ထဲမှ​ပြေးထွက်လာ​သောလုံးတုံးလုံးတုံးက​လေးမ​လေး

"ဦးဦး"

"​အင်း"

"ပါပါးကဦးဦးလာမယ်ဆိုတာ မီးမီးကို​ပြောတယ်။ဦးဦးကမီးမီးကိုကားကားနဲ့စကူးလ်လိုက်ပို့မို့ယား။ဟုတ်ယား"

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now