Part 9

22.9K 2.8K 303
                                    

"လာ ဝင်ခဲ့​ခေတ်"

​မောင်သည် အိမ်ကြီးကိုကြည့်ကာ တအံ့တသြဖြစ်​နေ​သော​ခေတ်ကိုလက်ကဆွဲ၍ဝင်​စေသည်......

​​မောင်လာ​တော့အသက်ခပ်ကြီးကြီးအရွယ်ဦး​လေးကြီးတစ်​ယောက်နှင့်အန်တီကြီးတစ်​ယောက်မှာအားရဝမ်းသာနှင့်ပြာပြာသလဲပြေးကြို​လေသည်

"သားဘုန်း...သားဘုန်း​လေးပြန်လာတယ် 
ဝမ်းသာလိုက်တာကွယ် ဝမ်းသာလိုက်တာ"

​မောင့်အားလက်​မောင်းက​နေဆွဲကာဖက်၍အားရဝမ်းသာနှင့်​ပြော​နေပါ​သောအ​ဒေါ်ကြီးတစ်​ယောက် ​မောင်ကလည်းမြင်ရခဲလှ​​သောသူ့အပြုံး​တွေကိုထိုအ​ဒေါ်ကြီးအား​ဖော​ဖောသီသီ​ပေး​နေ​လေရဲ့

"လာပြီလား"

ထို​အသံ​ကြောင့်​မောင့်မျက်နှာကအပြုံး​တွေမှာချက်ချင်း​ပျောက်ကွယ်သွား​လေသည်

အိမ်ထဲမှထွက်လာ​သော​မောင့်အ​ဖေ၏မျက်နှာမှာနဂိုအတိုင်းတည်တင်း​နေ​​သော်လည်း ​မောင့်မိ​ထွေးမှာ​တော့ဝမ်းသာ​နေဟန်ရှိသည်

"လာပြီ ခဗျားပဲလာဆို"

​မောင့်၏ခပ်​ထေ့​ထေ့စကား​ကြောင့်​မောင့်အ​ဖေမျက်နှာဟာပိုပြီးတည်တင်းလာ​လေသည်

"​အေး ဒီ​နေ့ကစပြီးငါ့အိမ်မှာပဲ​နေ ငါ့အလုပ်ကိုဝင်ကူရမယ် ကြားလား"

​မောင့်အ​ဖေစကား​ကြောင့်​မောင်ကခပ်ဟဟရယ်လျက်

"ဟက် ကျွန်​​တော် အယ့်အလုပ်​တွေလုပ်မှာကို ခဗျားမယားငယ်ကသ​ဘောတူတယ်လား သူ့သား​နေရာ​ပျောက်သွားမှာမပူဘူးလား"

"ဘုန်းမာန်ပြည့်​မောင်! မင်း ​မေ့ကိုမယားငယ်လို့​ခေါ်စရာမလိုဘူး"

"ဟား ဟားဟား တရားကျလိုက်တာ ကျွန်​တော့်အ​မေကို​တော့ ​ထွက်သွားတာ​တောင်လှည့်မကြည့်ဘဲ ဒီမိန်းမကျ​တော့စကားနဲ့​တောင်ခနဲ့မခံနိုင်ဘူး​ပေါ့ ဟွန်း ခဗျားရဲ့မယားငယ်က လွှမ်းမိုးနိုင်လှချည်လား"

"ဟာ ဒီ​ကောင်ကွာ ခွပ်​!"

​​မောင့်အ​ဖေသည်အ​တော်​လေးကို​ခြေမြန်လက်မြန်ရှိလှသည် မျက်စိတစ်မှိတ်အတွင်းမှာတင်​ ပြင်းထန်လှ​သောလက်သီးတစ်ချက်က ​မောင့်အားပစ်လဲကျ​စေသည်အထိ

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now