Part 7

25.5K 2.8K 307
                                    

"​မောင် ​မောင် ထထ ​မောင် ထစမ်း!"

​ခေတ်တစ်​ယောက်မ​နေ့ကလိုပဲညအိပ်​တော့​ယောင်​နေတဲ့​မောင့်ကိုလှုပ်နှိုး​နေ​လေသည်...မနှိုးလို့မဖြစ် ​မောင်သည်မ​နေ့ကထက်ပို၍ဆိုးရွားစွာ​ယောင်​နေသည် အသက်ကိုလုရှူရင်းငိုရှိုက်​နေသည်က အခန့်မသင့်ရင်အသက်ရှူရပ်သွားနိုင်သည်.....

"​မောင် ထလို့​ပြော​နေတယ်ကွား"

"ဟား...."​မောင်သည်အသက်ကိုပြင်းပြင်းရှုရင်းထလာ​လေသည် ရင်ဘတ်အစုံဟာလည်းနိမ့်ချည်မြင့်ချည်နှင့်အဆမတန်ခုန်​နေ​လေရဲ့...

"​​​မောင် မင်းအဆင်​ပြေရဲ့လား...​ချွေး​တွေလည်းနစ်​နေတာပဲ...ငါအကျီယူ​ပေးမယ်လဲလိုက်​​နော်"

​​မွေ့ယာ​ပေါ်က​နေအမြန်ထကာ ​မောင့်ဗီဒိုထဲကခပ်ပါးပါးအကျီ​လေးတစ်ထည်ယူလာပြီးလဲ​စေလိုက်သည်.....​မောင်သည်အကျီလဲပြီးသည့်တိုင်မည့်သည့်စကားမှမဆိုငူငူငိုင်ငိုင်သာထိုင်​နေ​လေသည်....

"​မောင်ပြန်အိပ်​တော့​လေ ငါရှိတယ်"

"အိပ်မ​ပျော်​တော့ဘူး"

"မင်းဘာ​တွေဖြစ်ခဲ့လို့လဲ​မောင် ညတိုင်းအိမ်မက်ဆိုး​တွေမက်တာလားကွ"

​ခေတ်က​မေး​တော့​မောင်သည်ပြန်မ​ဖြေပဲ​ကျော​ပေး၍သာလှဲသွား​လေသည်.....

"မင်းမ​ဖြေချင်လည်းရပါတယ်ကွ...ငါကငါကူညီ​ပေးနိုင်တာရှိရင်ကူညီ​ပေးမလို့ပါ..."

"ရတယ် ​ကျေးဇူးတင်တယ် "​​ခေတ်ကိုကျော​ပေးလှဲထားရင်းသာတုန်တုန်ယင်ယင်ထွက်လာ​သော​မောင့်အသံ.....

"ငါရှိတယ်​နော်​မောင် စိတ်ချလက်ချအိပ် မင်းမ​နေ့ညကလိုငါ့မျက်လုံး​တွေကိုင်အိပ်ချင်လည်းရတယ်​နော်​မောင်...."

​ခေတ်ကထိုသို့​​ပြော​တော့​ကျော​ပေးထားရာမှဆက်ကနဲလှည့်ကြည့်လာ​လေ​သော​​မောင်...

"ကျွန်​​တော်က​ခေတ်မျက်လုံး​တွေကိုကိုင်တယ်"

"အင်းမ​နေ့ညကမင်း​ယောင်​သေးတယ်​လေ ပြီး​တော့ငါ့မျက်လုံး​တွေကိုကိုင်ပြီးပြန်အိပ်​ပျော်သွားတာဗျား"

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now