Part 39

23.7K 2.3K 382
                                    

အ​ဝေး​ပြေးလမ်းမထက်တွင် တ​ရွေ့​ရွေ့နဲ့ ခုတ်​မောင်း​နေ​သော Land Cruiserကား နက်ပြာ​ရောင်​လေးသည် ​နေပြည်​တော်မြို့ကြီး၏ အလွန်က တစ်​နေရာသို့ဦးတည်လျက်ရှိသည်။

ကား​ပေါ်မှာပါလာ​သော​ကောင်​လေးနှစ်​ယောက်မှာ တစ်​ယောက်က ကား​မောင်းသူ​နေရာက​နေ ​သေချာအာရုံစိုက်​မောင်း​နေပြီး ကျန်တစ်​ယောက်က​တော့ ​မောင်းသူ​ဘေးကခုံ​လေးက​နေ လိုက်ပါလာကာ အပြင်ရူခင်း​တွေကို တိတ်တဆိတ်​ငေးလို့​နေ​လေသည်။

ထိုကား​လေးထဲကြီးစိုးထားသည်က​တော့ ခပ်တိုးတိုးသီချင်းသံ​လေး တစ်ပုဒ်တည်းသာ...

"ငါဟာတစ်​ယောက်တည်း
လမ်း​တွေ​ပေါ်
ဂျစ်ပစီလိုပဲ ခရီးနှင်ချိန်
​နေဝင်ညများဖြတ်​ကျော်လာ
အချိန်​တွေလည်ပတ်ခဲ့

ပူ​လောင်​နေတဲ့ကိုယ့်ဘဝထဲ
အနွံတာခံပြီး​ရောက်လာသူ
ဘယ်သူနဲ့မှအစားမထိုးနိုင်တယ်
ကိုယ့်ဘဝတွက်
ဒီတစ်​ယောက်တည်းချစ်မယ်"

"သတိရလိုက်တာ"

"ဟင်"

"​ခေတ်ကိုသတိရလိုက်တာလို့။ ငါပြန်စဥ်းစားကြည့်ပြီးပြီး။ ငါ့လုပ်ရပ်က​ခေတ်ဘယ်​လောက်​တောင် စိတ်ထိခိုက်သွားလိုက်မလဲငါ​တွေးမိတယ်။ ငါတကယ်ဆို ​ခေတ်ကို​ပြောပြထားခဲ့သင့်တာ။"

"............"

အပြင်ဘက်ကို ​ငေးရင်း​ပြောလာ​သော ​မောင့်စကားကို ရှင်းလျှန်ဘာမှပြန်မ​ပြောဖြစ်။ ငြိမ်၍သာ​နား​ထောင်​ပေး​နေလိုက်သည်။

"​တောင်းပန်ပါတယ်"

"ဗျာ"

"ငါမင်းကို​တောင်းပန်ပါတယ်လို့"

"........"

"အမြဲတမ်း ငါနာကျင်ရတာ​တွေကိုပဲကြည့်ပြီး မင်းဘက်ကိုမကြည့်​ပေးခဲ့မိဘူး။ အမြဲတမ်းငါ့ကို အရှုံး​ပေး​နေတဲ့မင်းကိုပိုပြီးပဲအနိုင်ယူ​ချင်​နေခဲ့တာ။ မင်းတန်ဖိုးထားတယ် ဆိုတာ​တွေကိုပဲ လုယူချင်​နေခဲ့တာ။ မင်းကငါ့ကို အကိုဆိုတဲ့အ​ကြောင်းပြချက်တစ်ခုတည်းနဲ့ အမြဲတွယ်ကပ်ချစ်​ပေး​နေခဲ့​ပေမယ့် ငါကသာ.....
မင်းအပြစ်ဘာမှမရှိပဲနဲ့ မင်းကိုစကား​တွေနဲ့​ရော ကိုယ်ထိလက်​ရောက်ပါ ထိုးနှက်​နေခဲ့မိတာ။

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now