🍭Extra🍭

22.1K 1.8K 220
                                    

("မိတ္တိလာကန်ဝယ် ဖား​ကောက်ခဲ့ပါကွယ်
ဗျိုင်း​ရှေ့ကပျံ့ကာ ပျံကာ ပျံကာရယ်")²

"​ဝေါ...​ဝေါ..!"

မှောင်ရီတ​ရော မိုးသည်းည​နေခင်းအချိန်​ခြံကြီးတစ်ခြံအတွင်းတွင် မိတ္ထီလာကန်ဝယ်ဆို​​သော သီချင်းသံလွင်လွင်ဟာ ပျံ့လွင့်လို့​နေ​လေသည်။

"ဂျိမ်း!!"

"အမယ်​လေး!!"
"အမယ်​ယေး!!"

ထိုစဥ် ​ရုတ်တရက် အငြိုးတကြီးရွာသွန်း​နေ​သော မိုး၏ ​ဒေါသတကြီးချိန်းလိုက်​သောအသံ​ကြောင့် သီချင်းဆို​နေ​သော လူသား​လေးနှစ်​ယောက်၏ အသံသည် အလန့်တကြား​အော်သံအဖြစ်သို့​ပြောင်းလဲသွားရ၏။ နှစ်​ယောက်သား တစ်​ယောက်နား တစ်​ယောက်ကပ်လို့ ​နောက်ထပ်လျှပ်စီး​တွေများလာ​လေဦးမလား ​ကောင်းကင်ကို​မော့်ကြည့်​နေ​လေရဲ့။

ထိုလူသား​လေးနှစ်​ယောက်မှာ​တော့ ပုဆိုး​လေး​တွေကို ဂ​တောင်းကျိုက်ကာ စွပ်ကျယ်​လေး​တွေနဲ့ ဖား​ကောက်​နေကြ​​​သော ​ခေတ်နဲ့​ရွှေဘူဘူးပင်။

မိုးတွင်းဆို မိုး​တွေသည်းတိုင်း ခြံထဲမှာ မရှိတဲ့ဖားကို ဆင်းဆင်း​ကောက်တက်တာ ​ခေတ်ရဲ့အကျင့်တစ်ခုလို။ ခါတိုင်းတစ်​ယောက်ထဲ​ကောက်​နေကြ​ပေမယ့် ဒီနှစ်​တော့ အ​ဖော်​သေး​သေး​လေးလည်းပါ​သည်မို့ ​ခေတ်တို့အ​တော်​ပျော်​နေ​လေရဲ့​ပေါ့။ ​၂၆လသားအရွယ်ရှိပြီဖြစ်​သော ဘူဘူး​လေးကလည်း ခေတ်ရဲ့သားဆိုသည့်အတိုင်း ​ခေတ်နဲ့တစ်​ထေရာတည်းပင်။ နှစ်​ယောက်သား သီချင်း​လေး​ တ​ကြော်​ကြော်နှင့် ပုဆိုး​လေး​တွေ ဂ​တောင်းကျိုက်ကာ ဖင်လုံး​လေး​တွေကုန်းကုန်းပြီး ဖားလိုက်ရှာ​နေ​လေရဲ့။

"ဟဲ့ က​လေး​တွေ တက်ခဲ့​တော့! အ​အေးပတ်​တော့မယ်ဆိုကွယ်"

အိမ်ထဲမှ​ဒေါ်​မေမိုးပြည့်၏ စိုးရိမ်တကြီး​အော်​ခေါ်သံသည် မိုးသံကို ထွင်း​ဖောက်၍ထွက်လာ​လေသည်။

"လာမယ် တီ​မေ ခဏ​လေးပဲဗျား"
"ယာမယ် တီ​မေ ထဏ​​ယေးပဲ ဂျား"

​ခေတ်က ​ဒေါ်​မေမိုးပြည့်ကို လက်က​လေး​ထောင်ပြကာ ခဏဟု​ပြော​တော့ ဘူဘူးကလည်း သူ့လက်ဝတုတ်က​လေး​တွေကို ​ထောင်ရင်း ​ခေတ်​ပြောသည့်အတိုင်းလိုက်​ပြော​လေသည်။

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now