Part 32

20.6K 2.2K 185
                                    

အယ့်​​နေ့ညက ​မောင်ငို​နေခဲ့တယ်။ ​ဒေါ်ကဗျာဦးနဲ့ ​မောင်နဲ့ စကား​ပြောပြီး ​ဒေါ်ကဗျာဦး​အောက်ကိုပြန်ဆင်းလာ​တော့ ​မောင်မပါလာခဲ့ဘူး။ သူ(မ)က ငါ့ကို​တွေ့​တော့ အဓိပ္ပါယ်အပြည့်ပါတဲ့အပြုံး​​တွေနဲ့ပြုံးပြပြီးထွက်သွားခဲ့တယ်။သူတည်းတဲ့hotelမှာပဲပြန်အိပ်မယ်ဆိုပြီး​တော့​​ပေါ့။ သူ(မ)ကို​တော့ ရှင်းလျှန်ကပဲHotelပြန်လိုက်ပို့​ပေးခဲ့တယ်။ သူထွက်သွားတာနဲ့ ငါအ​ပေါ်ကိုအ​ပြေးတစ်ပိုင်းတက်သွားခဲ့တယ်။ အခန်းထဲကိုအရင်​ပြေးကြည့်​ပေမယ့် အခန်းထဲမှာ​မောင်ကရှိမ​နေခဲ့ဘူး။ ​နောက်ဆုံးငါဝရံတာဘက်ကိုထွက်လာ​တော့မှ ဝရံတာမှာ ဒူး​လေးတုပ်ပိုက်ပြီးငို​နေတဲ့​မောင့်ကို​တွေ့တယ်။ "​မောင်"လို့ငါ​ခေါ်လိုက်​တော့​လေ မျက်ရည်​တွေဝိုင်းနေတဲ့မျက်လုံး​လေး​တွေနဲ့ငါ့ကို​မော့ကြည့်လာတာများ သိပ်ကိုသနားဖို့​ကောင်းတယ်။ ငို​နေတဲ့​မောင့်ပုံ​လေး​က ငါ့ရင်​တွေကိုနာ​စေခဲ့တယ်။

"​ခေတ်!"

"ဟင်"

"ဖက်ထား"

"အင်း ဒီကိုလာ"

"ဖက်ထား"ဆိုတဲ့တိုတုတ်​ရိုးရှင်းလှတဲ့စကား​လေးဟာ ငါ့လက်​တွေကို မင်းရှိရာအရပ်ဆီအလိုလိုဆန့်တန်း​​စေခဲ့တယ်။

​ခေတ်ကသူ့လက်​တွေကိုဆန့်တန်း​ပေးလိုက်​တော့ ​မောင်က​ခေတ်ရင်ခွင်ထဲသို့တိုး​​ဝှေ့ဝင်လာ​လေသည်။ ​သူနဲ့ယှဥ်ရင် ​သေးညှက်လှ​သော ခေတ်ရဲ့ရင်ခွင်​သေး​သေး​လေးထဲသို့အတင်းတိုးကာဝင်ရင်း တအီအီငိုရှိုက်​လေ​သော​မောင်။

"​ပျော်​နေရမှာမဟုတ်ဘူးလား ​မောင်ရယ်"

​ခေတ်ကမချိတင်ကဲသံ​လေးနဲ့​ပြော​​တော့ ​မောင်က​ခေါင်းကိုတဆက်ဆက်ခါရမ်း​လေသည်။

"မ​​ပျော်ဘူး ကျွန်​​တော်မ​ပျော်ဘူး​ခေတ်ရယ်"

"ဘာလို့လဲ ​မောင့်အ​မေကဟိုကိုလိုက်ခဲ့ဖို့​​ခေါ်လို့လား"

​ခေါင်း​လေးကိုပွတ်သပ်​ပေးရင်း ​လေသံ​အေး​လေးနှင့်​မေး​တော့ ထို​ကောင်​​လေးက ​ခေါင်းကိုတဆက်ဆက်ငြိမ့်​လေသည်။

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now