Part 33

23.5K 2.3K 161
                                    

"တူတူ့တူ့တူ့တူတူတူး....တူတူ့တူ့တူ့တူတူတူး....."

ကုတင်​ဘေးက စားပွဲ​ပေါ်မှမြည်​နေ​သောဖုန်းသံ​ကြောင့် ​ခေတ်မျက်လုံး​လေး​တွေပွင့်လာခဲ့သည်။ ထိုအသံသည် ရိုးရိုးဖုန်းသံမဟုတ်ဘဲ Video call အသံဖြစ်တာ​ကြောင့် ငုတ်တုတ်​လေးအရင်ထထိုင်ကာ မျက်လုံး​တွေကိုပွတ် မျက်နှာကိုအနဲငယ်ရှင်းလင်းရင်း အစိမ်း​ရောင်အတုံး​လေးကို ဖိနှိပ်ကာကိုင်လိုက်သည်။

"​ခေတ်!"

ဖုန်းကိုင်လိုက်တာနဲ့ တစ်ဖက်မှထွက်လာ​သောတက်ကြွတဲ့ အသံ​ကြောင့် ​ခေတ်ပြုံးလိုက်သည်။

"​မောင် ​မောနီးဗျား"

"​မောနီး​မောင့်​ခေတ်"

ဖုန်းScreen​​ပေါ်မှာ​ပေါ်​နေတဲ့ ​မောင့်မျက်နှာ​လေးဟာရွှင်ပြလို့။ သူ့အ​မေကိုပြုစု​ပေး​နေရလို့​​ပျော်​နေတယ်ထင်ပါရဲ့။

"​ကျွန်​​တော့်ကိုသတိရ​နေရဲ့လား"

"ရပါ့ဗျာ"

"ကျွန်​​တော်ဘာသင်​ပေးထားခဲ့​လဲ"

"တွမ်တီဖိုး အာဝါ ဆဲဗမ်း​ဒေးလုံး​ မောင့်ကိုပဲသတိရ​နေလို့သင်​ပေးခဲ့ပါတယ်ခဗျ"

ဒါသူဖုန်းဆက်တိုင်း ​မေး​နေကျ​မေးခွန်း

"ဟုတ်ပြီဗျား ​​တော်လိုက်တာ​ခေတ်​လေးက။ အာဘွား​လေး​ပေးပါဦး"

"အယ် ဖုန်းထဲက​နေဘယ်လို​ပေးမတုန်းကွ။ အယ့်အစား​လေ ​မောင်ပြန်လာမှ တစ်​နေကုန်အာဘွား​တွေကြီးလှိမ့်​ပေး​ပေးမယ်ဗျား"

"အိမ်း သ​ဘောကျ​လေစွ! ဟားဟား..."

"ဟားဟား...."

ဖုန်းထဲက​နေတစ်​ယောက်မျက်နှာတစ်​ယောက်ကြည့်ရင်း အလွမ်းသယ်ကာ မနက်​စော​စောတစ်တီတူး​နေကြပါ​သောသူတို့နှစ်​ယောက်။ ​​မောင်တစ်​ယောက် သူ့အ​မေနှင့် လိုက်သွားခဲ့သည်မှာ ၂လပင်ရှိခဲ့ပြီ။ ထို၂လအတွင်း ​ခေတ်နှင့်​ ယခုကဲ့သို့ Video call ​ပြောကာ ​နေ့စဥ်ရက်ဆက်အလွမ်းသယ်ခဲ့သည်။

"သား​ခေတ် တီ​မေဝင်လာပြီ​​​နော်"

"ဟုတ်"

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now