Part 21

23.1K 2.5K 280
                                    

ဒီ​နေ့မနက်​တော့​ခေတ်တစ်​ယောက်​စော​စောထကာတက်ကြွလို့​နေသည်။အ​ကြောင်းအရင်းက​တော့ဒီ​နေ့​ခေတ်ပထမဆုံး​ကျောင်းတက်ရမယ့်ရက်မလား။​ယောက္ခမဖြစ်သူကဆရာစာလာသင်ရင်ဝတ်ရ​အောင်ဆိုပြီးဝယ်​ပေးထား​သော အကျီအဖြူ​​လေးနဲ့ပုဆိုးအစိမ်း​လေးကိုဝတ်ကာ တကယ့်အထက်တန်း​ကျောင်းသား​​​​လေးအတိုင်းပင်။​ယောက္ခမဝယ်​ပေးတဲ့အကျီနဲ့ပုဆိုးကိုသပ်ရပ်စွာဝတ်ပြီး ​ယောက္ခထီးဝယ်​ပေးတဲ့တြိဂံတံဆိပ် လွယ်အိတ်​​လေးလွယ်လို့အဆင်သင့်ဖြစ်​နေ​​သော ခေတ်​​ခေတ်ရယ်ပါ​လေ။စာစသင်ရမှာ ​နေ့လည်၁၁နာရီ​လောက်မှဖြစ်​​​​သော်လည်း မနက်၇နာရီတည်းကအဆင်သင့်ပြင်ကာတက်ကြွ​နေ​သော​ခေတ်ရယ်ပါ​လေ။

​လှုပ်လှုပ်လှုပ်လှုပ်နဲ့​ခေတ်​ကြောင့်​မောင်နိုးလာ​တော့ ​ခေတ်ကအ​တောက်ပဆုံးပြုံးပြ​လေသည်။

"နိုးပြီလားကွ"

"နိုးပြီ။​ခေတ်ကဘာလို့အယ့်လိုဝတ်စားထားတာလဲ"

မျက်လုံးနှစ်လုံးပွင့်တာနဲ့​မောင်​မေးတဲ့​မေးခွန်းက​ခေတ်ရဲ့ဝတ်စားပုံအ​ကြောင်းပင်

"ငါကဒီ​နေ့စာသင်ရမှာ​လေ​မောင်ရဲ့ ​ကျောင်းတက်ရမှာဗျား"

ဝံ့ကြွားဟန်​ပြောလာ​သော​ခေတ်ကိုကြည့်ကာ​​မောင်မ​ပြုံးနိုင်ပါ စာသင်မယ့်​ကျောင်းသားကလိုတာထက်ကိုချစ်ဖို့​ကောင်း​နေသည်ကိုး

"တစ်ခုခုလို​နေတယ်"

"ဘာလဲကွ"

"သနပ်ခါး"

"​ဟေ"

"ဟုတ်တယ် သနပ်ခါးလိမ်းရမယ်"

​မောင်သည်​ခေတ်ကိုကြည့်ကာ​ပြောလည်း​​ပြောရင်း ကုတင်​ပေါ်မှထကာ​အောက်သို့ဆင်းရန်သွား​လေသည်။

"​ခေတ်ဒီမှာပဲ​​နေ​နော်"

​ခေတ်အားလှည့်ကာမှာရင်း ​အောက်သို့အမြန်​ပြေဆင်းသွား​လေသည်။ခဏ​နေ​တော့လက်ထဲမှာ ဘူး​လေးတစ်ဘူးကိုင်ကာအခန်းထဲသို့ပြန်ဝင်လာပြန်သည်။

"​ခေတ်လာ"

အခန်းထဲ​ရောက်တာနဲ့​ခေတ်လက်ကိုဆွဲကာမှန်တင်ခုံ​ရှေ့​ခေါ်သွား​လေသည်။​ခေတ်ကိုမှန်တင်ခုံ​ရှေ့ကခုံမှာထိုင်​​စေပြီး ​မောင်ကသူ့လက်ထဲမှာပါလာတဲ့​​ရွှေပြည်နန်းဘူးကိုဖွင့်ကာ​ရေ​ဖျော​လေသည်။

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now