Part 35

21.6K 2.1K 169
                                    

"ရှပ် ရှပ် ရှပ် ရှပ်"

ခြံဝန်းကျယ်ကြီးတစ်ခုထဲတွင် လူတစ်​ယောက်၏​ခေါက်တုန့်​ခေါက်ပြန်​လျှောက်​နေ​သော​ခြေသံတစ်ခုသည် တရှပ်ရှပ်နှင့်ထွက်​ပေါ်လျှက်ရှိ​နေသည်။ ခြံ​ပေါက်ဝ​လေးကိုတ​မျှော်​မျှော်နှင့် လက်နှစ်ဖက်ကိုလည်းပွတ်​ခြေကာ ဂနာမငြိမ်နိုင်ဖြစ်​နေ​​သောသူ

"သား​ခေတ် ထိုင်​စောင့်ပါလားကွယ်"

"ရပါတယ် တီ​မေရဲ့ ​မောင်ပြန်လာရင် ​အ​​ပြေးကြိုရ​အောင်ဗျား"

"​အေးပါကွယ်။ သ​ဘော သ​ဘော"

​ပြောမရသည့်အဆုံး ​ဒေါ်​မေမိုးပြည့်လည်း​ခေတ်ကိုလွှတ်သာထားလိုက်ရ​​တော့သည်။

ဟုတ်သည်။ ဒီ​​​နေ့​မောင်ပြန်​ရောက်လာ​တော့မည့်​နေ့ပင်။ လွန်ခဲ့တဲ့၈ရက်​လောက်တည်းက ​မောင်နဲ့​ခေတ်အဆက်အသွယ်ပြတ်သွားခဲ့တာ။ ​မောင်အ​မေ့​ဆေးရုံတင်ရတယ်ဆိုတဲ့​နေ့က​နောက်ဆုံးဖြစ်မည်ထင်။ အဆက်အသွယ်ပြန်ရ​တော့လည်း ​​မောင်ရဲ့အသံ​လေးဟာ နွမ်းလျပြီး မကြားဝံ့သာ​သော သတင်းဆိုး​လေးတစ်ခုကိုအရင်​ပြောလာခဲ့သည်။ သူ၏အ​မေဖြစ်သူ အဖျား​တွေတအားကြီးရင်း ဆုံးသွားပြီတဲ့​လေ။ ကင်ဆာ​ရောဂါကို ​ရေရှည်ဆွဲကု​နေရသူမို့ ကိုယ်ခံအား​တွေကျပြီး ခံနိုင်ရည်မရှိ​တော့ဘူးထင်ပါရဲ့​လေ။ ထိုသတင်းအတွက်​တော့ ​ခေတ်တို့​သေချာ​ပေါက်စိတ်မ​ကောင်းဖြစ်မိ​ပေမယ့် ​သူ့အ​မေနာ​ရေးကိစ္စ​တွေပြီးတာနဲ့ပြန်လာ​ခဲ့မယ်ဆို​သော ​မောင့်စကား​​ကြောင့် မ​ပျော်သင့်​ပေမယ့်လည်း ​ပျော်မိသားရယ်။

ဒီ​နေ့က​ပြန်လာမယ့်​နေ့​ပေမို့ ​​မောင့်အ​ဖေဦးသီဟ​မောင်ကလည်းအလုပ်မသွားသလို ရှင်းလျှန်​ရော ​ဒေါ်​မေမိုးပြည့်ပါ ​​မောင်ပြန်အလာကို​စောင့်​နေကြ​လေသည်။

ရှင်းလျှန်ဆိုမှ ရှင်းလျှန်လည်း ခုတစ်​လော မျက်နှာသိပ်မ​ကောင်းလှ​။ စိုင်း​မော်ရှန်း အလုပ်ထွက်သွားတာ​ကြောင့်ထင်ပါရဲ့​လေ။​အမြဲတမှိုင်မှိုင်နှင့်သာ။ ခေတ်တစ်​ယောက် သူ့ဟာသူ ​ယောက်ယက်ခက်​နေရင်း ငူငူငိုင်ငိုင်ထိုင်​နေ​သော ရှင်းလျှန်ကိုလည်းလှမ်းကြည့်ကာသက်ပြင်းချလိုက်မိ​သေးသည်။ သူနဲ့စစ​တွေ့တုန်းက သွက်သွက်လက်လက်က​လေးနဲ့ချစ်စရာ​ကောင်းလှ​သော ရှင်းလျှန်။ ခုချိန်မှာ​တော့ ရင်ခွင်မဲ့​နေတဲ့က​လေးငယ်အတိုင်းပင်။

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now