Part 13

22.3K 2.5K 135
                                    

ခေတ်တစ်​ယောက်​ ဒီ​နေ့​တော့စော​စောထကာ​မျက်နှာသစ်ပြီး​သည်နဲ့အောက်သို့တန်းဆင်း​လေသည်။​မောင်က​တော့မ​နေ့ကပွဲကအပြန်ပင်ပန်းတာရယ် သူ့အ​ဖေထိုးထားတာ​တွေရယ်​ကြောင့်နာကျင်​နေတယ်ထင်ပါရဲ့ ခုထိမနိုး​သေး​ပေ

​ခေတ်​အောက်ကိုဆင်းသွား​တော့​ ဒေါ်​မေမိုးပြည့်က​ဧည့်ခန်းမှာထိုင်ကာအဆင်သင့်​​စောင့်​နေ​လေပြီ

"တီ​မေ"

"​ဟေ သား​ခေတ်နိုးပြီလား လာ"

"ဟုတ်"

​အောက်​ရောက်​တော့​​​ဒေါ်​မေမိုးပြည့်ကပင်ဦး​ဆောင်ကာမီးဖိုခန်းသို့​ခေါ်သွား​လေသည် ဒီ​​​နေ့မနက်စာတူတူချက်ဖို့​ပြောထားကြသည်ကိုး...

"တီ​မေ အုန်းနို့​ခေါက်ဆွဲလား"

"အင်းသား​ခေတ် သူတို့သားအဖ​တွေအကုန်ကြိုက်တယ်​လေ"

"ဟုတ် အာ့ဆိုချက်ကြမယ်ဗျား"

"အင်း လိုအပ်တာ​တွေက​တော့ညက​ မလုံးအကုန်လုပ်​ပေးထားတယ် တီ​မေတို့ကချက်ရုံပဲ"

"ဟုတ်"

မီးဖိုခန်းထဲတွင်နှစ်​ယောက်သားကြိတ်ကြိတ် ကြိတ်ကြိတ်နှင့်ချက်​ရေးပြုတ်​ရေးလုပ်ငန်းစကြ​လေရဲ့။သူတို့နှစ်ဦးရဲ့စည်းလုံး​ရေးလုပ်ငန်းစဥ်အစက​တော့ မိသားစုထမင်းဝိုင်း​လေးပင် အုန်းနို့​ခေါက်ဆွဲဟင်းရည်​တွေပွက်ပွက်ထလာတဲ့အချိန်​လောက်​​ရောက်​တော့​ဒေါ်လုံးကိုအိုး​စောင့်ခိုင်းကာ ​ဒေါ်​မေမိုးပြည့်ကခင်ပွန်းနဲ့သားငယ်ကိုသွား​ခေါ်ပြီး ​ခေတ်က​တော့​​မောင့်ကို​ခေါ်ရန်အ​ပေါ်သို့ပြန်တက်လာ​လေသည်

အ​ပေါ်​ရောက်​တော့ အလုပ်သွားရန်ပြင်ဆင်​နေပြီဖြစ်​သော​မောင့်ကို​တွေ့​လေသည်

"​မောင့်"

"ဗျာ​ခေတ်"

"မနက်စာစားရ​အောင်​လေ ငါပြင်ထားတယ်"

​ခေတ်ကထိုသို့​ပြော​တော့​မောင်ကမျက်ခုံးတစ်ဖက်ကိုပင့်ကာပါးစပ်ကလည်းအိုပုံသဏ္ဏာန်​​လေးဝိုင်း၍လက်မ​ထောင်ပြ​လေသည်

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now