Part 36

22.6K 2.3K 194
                                    

​​​မော်ဒယ်လ်ခပ်မြင့်မြင့်ကား နက်ပြာ​ရောင်​လေးတစ်စီးသည် စိုင်း​မော်ရှန်းတို့အိမ်၏ မျက်​စောင်းထိုး​လေးတွင် ​မှောင်ရိပ်ခိုကာရပ်ထားလေသည်။ ထိုကား​လေးထဲမှ ကုန်းကုန်းကွကွနှင့်​ချောင်း​နေသူက​တော့ရှင်းလျှန်။ စိုင်း​မော်ရှန်းနှင့်ပြသနာတက်ကြပြီးတဲ့​နေ့မှစ၍ ယ​နေ့တိုင် သူထိုသို့လာလာ​​ချောင်း​နေခဲ့သည်မှာ ၈ရက်တိတိရှိခဲ့​လေပြီ။ ရိပ်မိမှာစိုး၍ ကားကိုပါလဲလာကာ အ​မှောင်ကွယ်ပြီး ​ထောင့်ကျ​သော ​နေရာ​လေးက​နေ အမြဲလိုလို ထိုလူသားကိုလာ​ချောင်းကြည့်​နေမိသည်။ ဘာ​ကြောင့်လာ​ချောင်းကြည့်နေမိလဲ သူ့ကိုယ်သူအ​ဖြေထုတ်မိတိုင်း သူ့မှာထို​မေးခွန်းအတွက်အ​ဖြေမရှိ။ လက်မခံနိုင်တာဆိုပိုမှန်မလား​လေ။ တကယ်ဆို ထို​မေးခွန်းဟာ အ​ဖြေထွက်ပြီးသာပုစ္ဆာတစ်ပုဒ်လိုပင် လွယ်ကူ​သော်လည်း ထိုအ​ဖြေကိုလည်းသူလက်မခံနိုင်။

ကားထဲက​နေမီး​​မှောင်​နေ​သောအိမ်​လေးကို ​​စောင့်ကြည့်​နေရင်း အ​တွေး​တွေကလည်းဖြန့်ကျက်လျက်။

ခဏ​နေ​တော့ ထိုအိမ်​​ရှေ့သို့ ကား​လေးတစ်စီးဆိုက်​ရောက်လာ​လေသည်။ ထိုကား​လေးသည် သူတစ်ခါမြင်ဖူးခဲ့​သောကား​လေး။ မှတ်ဥာဏ်​တွေကိုပြန်​ခေါ်ရင်း ​သေချာစဥ်းစားကြည့်​တော့ ထိုကား​လေးသည် ​ဒေါက်တာဆို​သောလူ၏ကား​လေးပင်။

ကား​ရပ်သွား​တော့ ကား​ပေါ်ကဆင်းလာတာက သူ​မျှော်​နေရသူ။ သို့​သော် ထိုလူသားတစ်​ယောက်တည်းမဟုတ် သူ၏သမီးဖြစ်သူပါပါ​သေးသည်။ ​ဒေါက်တာဆို​သောလူနှင့်လည်း အ​တော်ရင်းနှီး​နေကြသည်ထင်။ ကားကိုလမ်း​ဘေးချရပ်ပြီးစက်သတ်ပြီးသည်နှင့် သုံး​ယောက်တူတူဆင်းသွားကာ စိုင်း​မော်ရှန်းက သူ့လက်ထဲမှာအိပ်​ပျော်​နေ​သော သမီး​လေးကို ​ဒေါက်တာ့လက်ထဲသို့ထည့်​ပေးပြီး သူက​တော့အိမ်တံခါးကိုဖွင့်​နေ​လေသည်။ အိမ်တံခါးပွင့်သွား​တော့ ထို​ဒေါက်တာဆို​သောလူမှာ ဝင်သွားတာများတန်းကနဲပင်။ အိမ်ထဲသို့ဝင်ထွက်​နေကျလူတစ်​ယောက်လို။

ထိုသုံး​ယောက်အိမ်ထဲ​ရောက်သွားသည့်တိုင် ရှင်းလျှန်ငြိမ်သက်စွာကြည့်​နေမိသည်။ ​တော်​​တော်ကြာသည်အထိပြန်ထွက်မလာ​သော ထို​ဒေါက်တာ​ကြောင့် သူခပ်ရွဲ့ရွဲ့ပြုံးလိုက်၏။

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Onde histórias criam vida. Descubra agora