Part 44

21.5K 2K 126
                                    

"ဟား"

​သင့်တင့်​သော ရာသီဥတု​နှင့် သာယာ​သောမနက်ခင်း​လေးတစ်ခုတွင် ​aircorn​လေ​အေး​အေး​လေးဖြင့် အေးချမ်း​​နေသော အခန်း​လေးတစ်ခုထဲ၌ တစ်စုံတစ်​ယောက်သည် သက်ပြင်းရှည်ကြီးကိုမှုတ်ထုတ်ကာ ​လေကိုအဝရှူရင်း နိုးထလာရသည်။

အိပ်ရာမှ ထထချင်း ကိုယ့်ခန္ဓာကိုယ်ကိုယ်ငုံ့ကြည့်​တော့ ကိုယ်​​​ပေါ်တွင် တင်းကျပ်စွာဖက်ထား​​သော လက်တစ်စုံနှင့်အတူ မြင်​နေရ​သော ရင်ဘက်​ပေါ်မှ နီရဲရဲ အကွက်​တွေက မြင်မ​ကောင်း။

မိမိအား အတင်းအကျပ်ဖက်ထားသည့် လက်​တွေရဲ့ပိုင်ရှင်ကိုကြည့်လိုက်​တော့ သူက​တော့နှစ်ခြိုက်စွာ အိပ်​မောကျ​နေဆဲပင်။

"ဟူး! အတန်းမရှိလို့​တော်ပါ​သေးရဲ့"

သက်ပြင်း​မောကိုချကာ ​ရေရွတ်ရင်း ကိုယ်​ပေါ်ကလက်​တွေကို ဖယ်ထုတ်​နေမိသည်။ သို့​သော် လက်​တွေက​ပြေ​လျော့မသွား။ ပိုလို့ပင် တင်းကျပ်လာ​လေသည်။

"ရှင်းငယ် နိုးပြီမလား ထကွာ"

"........"

"ရှင်းငယ်လို့"

"မ​နေ့ကလိုပုံစံ​လေး ​နောက်တစ်​​ခေါက်​လောက်"

"ဟင်"

နိုးနိုးချင်းပင် မျက်လုံးမဖွင့်​သေးဘဲအိပ်ချင်မူးတူးအသံနှင့် ထို​ကောင်​လေး​ပြောလာ​​သော စကား​ကြောင့် စိုင်း​​မော်ရှန်းမျက်နှာ​လေးရဲကနဲ ဖြစ်သွားရ၏။ ​
မ​နေ့က...အမယ်​လေး။
​ခေါင်း​တွေကိုခါလိုက်မိသည်။
မ​နေ့က သူကလည်းသူ၊ သူကိုက​သောင်းကျန်းမိသည်မို့။

"​နော်လို့ မ​နေ့ကလို​လေး ​နောက်တစ်​​ခေါက်​လောက်ပါဆို"

"မ​နေ့က? ငါ ငါ ဘာလုပ်လို့ ဘာကို​နောက်တစ်​ခေါက်လဲ"

ရူးချင်​ယောင်​ဆောင်ကာပြန်​မေး​တော့ ​ခေါင်းကိုလက်​ထောက်ရင်းထလာ​လေသည်။ ပြီး​နောက်သူ့ကိုစိုက်ကြည့်လျက်

"မမှတ်မိဘူးလား​ပြော"

အရှက်မရှိ ​ပြော​လာသော ရှင်းလျှန်စကား​ကြောင့်​စိုင်း​မော်ရှန်း၏ မျက်နှာ​လေး ရဲပြီးရင်းရဲလာရသည်။

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now