Part 20

23.7K 2.6K 282
                                    

​မောင်နဲ့​ခေတ်တို့ပါတီကပြန်​လာတော့ည၁၀နာရီ​လောက်ရှိ​နေ​လေပြီ။ပင်ပန်းပြီးအိပ်လိုက်လာ​သော​ခေတ်​ကြောင့် ကားကိုညှင်သာစွာသာ​မောင်းကာသာ အိမ်သို့ပြန်ခဲ့သည်။အိမ်ရောက်​တော့​ခေတ်ကိုနှိုးရန်ပြင်ရ​လေသည်။ ​ပွေ့​ခေါ်သွားဖို့၊ကုန်းပိုး​ခေါ်သွားဖို့ ​တော့​မောင်မ​တွေးရဲပါ။ဒီလူသား​သေး​သေး​လေးသည် အသားတိုးဝက်က​လေးနှယ်လုံးလုံးတင်းတင်း​လေး​ပေမို့။ အိပ်​​ပျော်​နေ​​​သော​ခေတ်ကိုကြည့်ကာ မောင်အသည်းယားမိပြန်သည်။ ​ခေါင်း​လေး​စောင်းလို့ ပါးစပ်​လေးဟကာ ​တ​ခေါ​​ခေါတခူးခူးလုပ်​နေ​တာ​ကြောင့်
ဖောင်းလိုက်ပိန်လိုက်ဖြစ်​နေ​သောပါးကြီး​တွေကိုတစ်ချက်ဆွဲလိုက်​တော့မျက်နှာ​လေးကရှုံ့မဲ့သွား​လေရဲ့။

"​ခေတ် အိမ်​ရောက်ပြီ ထ​တော့ ထ ထ ထ"

နဖူး​ပြောင်​ပြောင်​လေးကိုခပ်ဖွဖွ​တောက်ရင်းနှိုး​တော့ မျက်လုံး​လေး​တွေပွင့်လာ​လေသည်။

"ထ​တော့ အိမ်​ရောက်ပြီ"

"အင်းး အိမ်​တောင်​ရောက်ပြီလား မြန်တယ်ဗျား"

"အင်း ထ အခန်းထဲ​ရောက်မှပြန်အိပ်​တော့​နော်"

"အင်း"

​ခေတ်ကိုနှိုးပြီးတာနဲ့ နှစ်​ယောက်သားကား​ပေါ်ကဆင်းကာ အခန်းထဲသို့သာတန်းသွားလိုက်သည်။​ခြေသံကိုခပ်ဖွဖွနင်းကာတိုးတိုးတိတ်တိတ်ပင် တခြားသူ​တွေလည်းဒီအချိန်အိပ်​နေ​လောက်ပြီကိုး။အခန်းထဲ​ရောက်​တော့ မျက်လုံး​လေးတွေကပြူးကျယ်လို့ပြန်မအိပ်ဘဲ ကုတင်​ပေါ်ငုတ်တုတ်​လေးထိုင်​နေ​သောအ​မောင်​ခေတ်ရယ်ပါ​လေ

"​ခေတ် ပြန်အိပ်​တော့​လေ"

"ငါဗိုက်ဆာလို့ကွ"

"ဗိုက်ဆာတယ်"

"အင်း"

နှုတ်ခမ်းကတွန့်ကာစူပုပ်လို့အိပ်ချင်မှုးတူးရုပ်နဲ့သူ့ဗိုက်​လေးသူပွတ်​နေ​သော​ခေတ်။ ဟုတ်သားပဲ​လေ party ကအစားအစာ​တွေ​ခေတ်မှမစားတက်တာ။အ​အေး​လောက်ပဲ​ သောက်ခဲ့တာဆို​တော့ဆာ​လောက်​ရော​ပေါ့​လေ

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now