Part 38

23.5K 2.3K 153
                                    

မုန်တိုင်းပြီး​သော် ​လေပြည်​လေညှင်းလာတက်၏။
အ​မှောင်ထုပြီး​သော် အလင်းလာတက်၏တဲ့။

သို့​သော် ထွက်ခွာသွား​သော ​ခေတ်ကို ရှာပုံ​​တော်ဖွင့်​နေ​သော ​မောင်ဟာ အလင်းဆိုတဲ့အရာကို ခုထိမမြင်နိုင်​သေးသလို ​လေပြည်​လေညှင်းကိုလည်း ခံစားလို့မရ​နိုင်သေးပါ​လေ။

​ခေတ်ထွက်သွားပြီးတဲ့​ နောက်​နေ့မှစပြီး ​မောင်နဲ့ရှင်းလျှန်တို့ ​​နေ့​နေ့ညည ကားဝင်းဂိတ်ကြီးမှာ ငုတ်တုတ်​လေး​​တွေထိုင်လို့ခေတ်စီးသွားတဲ့ကား​လေးကိုရှာ​နေခဲ့သည်မှာ ၂ရက်တိတိရှိခဲ့ပြီ။ သူတို့အဖြစ်က "ရှာပုံ​​တော်မင်းသားကြီး မဏ္ဏာပ်တကာ​ရောက်ခဲ့ပြီ ဘယ်အရပ်သူ ဇာတိမှန်းလည်းမသိ​တော့အခက်​တွေ့ပြီ" ဆိုသလိုပင် ​ခေတ်ရှိရာသည် ဘယ်အရပ် ဘယ်ဇာတိမှန်းမသိတာ​ကြောင့် နှစ်​ယောက်သားသိပ်ကိုအခက်​တွေ့​နေကြသည်။

​မောင့်မှာလည်း နှစ်ရက်အတွင်းမှာပင် ချက်ချင်းဆိုသလို ပိန်ချုံပါးလှပ်လာကာ မျက်တွင်းမျက်စံ​တွေပင် ​ချောင်ကြသွားသလို။ ​သေချာသည်က​တော့ ဒီနှစ်ရက်အတွင်းလုံး ထို​ကောင်​လေး ထမင်းတစ်လုပ်​တောင်မစားသလို တစ်​ရေး​တောင်မအိပ်ဘူးဆိုတာပင်။

"ရှန်း!"

"ဟင်"

နှစ်​ယောက်သား လက်မှတ်ဖြတ်တဲ့ရုံအနားထိုင်​နေကြစဥ် ​မောင့်​ဘေးမှ ရှင်းလျှန်၏"ရှန်း"ဆို​​​သော​ရေရွတ်သံ​ကြောင့် ရှင်းလျှန်စူးစိုက်ကြည့်​နေရာ​​နေရာသို့ ​မောင်လည်းလိုက်ကြည့်မိသည်။

​တွေ့လိုက်သည်က​တော့ ခရီးကား​တစ်စီး​ပေါ်တက်ရန်အထုပ်​လေး​တွေတင်​နေ​သော ​ခေတ်၏ဆရာပင်။ သူ့သမီးဆို​​သော က​လေးငယ်​လေးကို လက်ဆွဲလို့ ကား​​ပေါ်တက်သွား​လေရဲ့။ ကြည့်ရသည်မှာ ပိန်ကပ်ကပ်နှင့် အရင်ထက်ပင်ဖြူ​ဖျော့​နေသလို။

"သူ သူသိ​လောက်တယ်မလား။ ​ခေတ်ကသူ့ကိုသိပ်ခင်တာပဲဟာ။ မင်းနဲ့လည်းရင်းနှီးတယ်မလား။ ​သူ့ကို​မေးရ​အောင် ရှင်းလျှန်"

​မောင်သူ​ဘေးမှ ရှင်းလျှန်၏လက်​မောင်းကိုလှုပ်ကာ ​ပြော​နေ​သော်လည်း ရှင်းလျှန်က​တော့ ငူငူငိုင်ငိုင်သာ။

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now