Part 37

22.3K 2.2K 90
                                    

"လူကြီးမင်း​​ခေါ်ဆို​သော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်"

"တီး..တီးးး"

"လူကြီးမင်း​​ခေါ်ဆို​သော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်"

အကြိမ်ကြိမ် အခါခါ ​​​ခေါ်ဆို​နေလည်းပဲ တစ်ခုတည်း​သောအ​ဖြေကိုသာ ထပ်ခါထပ်ခါ​ဖြေဆို​နေ​သောဖုန်း​လေး။ စိုင်း​မော်ရှန်း ကုတင်​​ဘေးတွင်ငုတ်တုတ်​လေးထိုင်ချရင်း တုန်ယင်​နေ​သောလက်အစုံဖြင့် ထိုဖုန်း​လေးကို ကိုင်ကာ ​မျက်ရည်​တွေရွှဲ​နေ​သော မျက်လုံး​လေး​တွေဖြင့် ​တွေ​တွေ​လေး​ငေး​နေခဲ့မိသည်။ ထိုဖုန်း​လေး စက်ပြန်ဖွင့်လာဖို့ဆု​တောင်း​နေခဲ့တာလည်းအကြိမ်ကြိမ်။ သူ​​ခေါ်ဆို​နေခဲ့တဲ့ ထိုဖုန်းပိုင်ရှင်​ကောင်​လေးကို ခုချိန်မှာ အရမ်းလိုအပ်​နေမိတယ်မလား။

ဒီ​နေ့ဟာ သူ့ဘဝကြီးအတွက် ကံဆိုးမိုး​မှောင်ကျရတဲ့​နေ့​။ ရှင်သန်ရာ အ​ကြောင်းအရင်းဖြစ်တဲ့ ​ရောင်ခြည်၂ဖြာထဲက တစ်ဖြာ​ပျောက်ဆုံးရတဲ့​နေ့​ပေမို့။
‐------------------------
မနက်၂နာရီ အချိန်ကြီး ​ဆေးရုံမှ သူ့အမဖြစ်သူ၏​ဒေါက်တာထံမှဖုန်းဝင်လာခဲ့သည်။ အိပ်ချင်မူးတူးနဲ့ မျက်လုံးမပွင့်ဘဲ ကိုင်မိခဲ့တဲ့ ထိုဖုန်းဟာ သတင်းဆိုးကိုသယ်​ဆောင်လို့ မှိန်းစင်း​နေတဲ့မျက်လုံးအစုံကိုပြူးကျယ်​စေခဲ့သည်။ ကိုမာအ​ခြေအ​နေနဲ့ ၂နှစ်​​ကျော်၃နှစ်နီးပါး​လောက် ကျန်ရှိ​နေတဲ့အသက်က​လေးကို ကျစ်ကျစ်ပါ​အောင် ဆုပ်ကိုင်ရင်း အသက်ဆက်​နေရတဲ့ အမဖြစ်သူဟာ ​လောကကြီးကို စွန့်ခွာသွားပါပြီတဲ့​လေ။ အရှုံး​ပေးသွားခဲ့ပြီ။ တစ်သက်တာအတွက်အိပ်စက်သွားခဲ့ပြီတဲ့။

မယုံနိုင်စရာထိုသတင်း။ မဖြစ်နိုင်တာ​တွေ​လေ။ သူ့အမဟာဘယ်​လောက်​တောင်ကြံ့ခိုင်ပြီးသန်မာလိုက်သလဲ။ ဘယ်​လောက်​တောင် အသက်ရှင်ချင်စိတ်ပြင်းပြလိုက်သလဲ။

ထိုသတင်း​ကြောင့် တုန်ယင်​လာတဲ့ ခန္ဓာကိုယ်နဲ့ တလိမ့်လိမ့်ကျလာတဲ့ မျက်ရည်​တွေဟာ ဘယ်လိုနည်းနဲ့မှထိန်းမရခဲ့။ ​ခြုံထားတဲ့​စောင်​တွေကို တင်းတင်းဆုပ်ကိုင်ရင်း စိတ်​တွေလွတ်ထွက်သွား​တော့မည့်အလား တက်​တော့မတက်ငို​နေခဲ့မိတာ ကမ္ဘာပျက်​တော့မလို။ ငိုရင်းရှိုက်ရင်း သတိဝင်လာခဲ့တဲ့အချိန် ပထမဆုံးသတိရမိသူက​တော့ သမီး​လေးပင်။ချက်ချင်းဆိုသလိုပင် အိပ်ရာမှထကာ သမီးငယ်​လေးရှိရာ​ဘေးချင်းကပ်ရပ်အခန်း​လေးဆီ အ​ပြေးတစ်ပိုင်းသွားမိ​တော့ က​လေးငယ်​လေးဟာ​စောင်ပုံ​လေးထဲ ​နွေး​ထွေးနှစ်ချိုက်စွာအိပ်လို့။

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now